"ကျမ အသားကိုလာမထိနဲ့ "
"ရွံတယ်"

"ဘာ"!!!
""ရွံတယ် ...ရွံတယ် ဟုတ်လား""

ဟုပြောကာ ခင့်ကို အတင်းဖက်နမ်းတော့သည်။ နံရံသို့ကပ်ကာ အတင်းအဓမ္မလုပ်နေသော နှင်းကို ခင် အားကုန်တွန်းထုတ်ကာ ပါးရိုက်လိုက်သည်။ ပြီးနောက် ခင် မျက်ရည်များအထိန်းအချုပ်မဲ့စွာ စီးကျလာသည်။

"ကျမကို မလုပ်ပါနဲ့ရှင်"
"ကျမ ရှင့်ကို ကြောက်လို့...ကြောက်လွန်းလို့ပါ""
"တောင်းပန်ပါတယ် " အခန်းထဲကထွက်သွားပါတော့""ထွက်သွားပေးပါရှင်...ကျမ...ကျမတောင်းပန်ပါတယ်"

ငိုသံနှင့် တောင်းပန်ခယပြီး ပြောနေသော ခင့်ကို နှင်းအံ့သြမင်သက်စွာ ကြည့်နေမိသည်။ ခင်က
သူ့ကို ကြောက်သည်တဲ့...။သူမ ချစ်ရသော အမျိုးသမီးလေးက
သူ့ကို ကြောက်နေသည်တဲ့။

"ခင်"
"ခင်""တို့မရည်ရွယ်ပါဘူး"
"တို့...တို့..တောင်းပန်ပါတယ်"
"မငိုပါနဲ့...တို့ ထွက်သွားပေးပါ့မယ်"

နှင်း စိတ်များမွှန်းကျပ်လာသည်။ သူမချစ်ရသော သူက သူမကိုကြောက်သည်တဲ့။ လည်ပင်းထဲ အလုံးကြီးများ
ဆို့နစ်လာပြီး ငိုချင်ပေမယ့် မျက်ရည်များက ထွက်မလာပေ။ ရင်ဘက်ကိုပဲထပ်ခါထပ်ခါ ထုနေ​မိသည်။ 

"ခင်က ငါ့ကို ကြောက်တယ်တဲ့လား"

"ရင်နာရတဲ့ စကားကွယ်" 

"သိပ်.. နာကျင်တာပဲ"

___________

နာကျင်မှုများစွာနှင့် ယွန်းတစ်ယောက်ဆေးရုံကုတင်ထက်တွင် လဲလျောင်းနေသည်။ 

""နှင်းမြသန္တာ""

"မင်းငါ့အချစ်ကိုလည်း ဥပေက္ခာပြုတယ်""..."ငါ့လက်ချောင်းလှလှလေး
တွေကိုလည်း မင်း... မင်း...မို့လို့ လုပ်ရက်တယ်""

""မင်းကိုလည်း အဆပေါင်းများစွာနာကျင်အောင် လုပ်ပြမယ်""

____________

မြ လက်တစ်လောရေပန်းစားနေသောဗီဒီယိုကိုကြည့်ကာ စိုးထိတ်သွားခဲ့သည်။ ခင့် အတွက်စိုးရိမ်မိသည်။ မြ တစ်ခုခုလုပ်မှဖြစ်မည်။ ဒီအတိုင်းဆိုလျင် ဟို မကောင်းဆိုးဝါးမ က 
ခင့်ကို တစ်ခုခုမလုပ်ဘူးဟု မပြောနိုင်။ ယွန်း ​လက်ပြတ်သည့် သတင်းများလည်း ပျံ့နှံ့လို့။ ဒီလောက် သူငယ်ချင်း အရင်းချာကြီးကိုတောင် လုပ်ရက်တာ ခင့်ကိုသာဆို....။ မြ ဆက်ပြီးမတွေးရဲတော့ပေ။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now