"ချစ်တယ်"

လျှပ်တစ်ပြတ် သတိရတစ်ချက် မရတစ်ချက်မှာ လူတစ်ယောက်က roseတစ်ကိုယ်လုံးကို ပွတ်သပ်နေသည်။အားယူပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့......

"ဟင်...ယွန်း"!!!
"ဘာလုပ်နေတာလဲ"
"ဖယ်စမ်း"

"လာပါ" ချစ်ကြရအောင်"

"ဟင့်အင်း" မလုပ်နိုင်ဘူး"

"မလုပ်နိုင်လည်း...ဒီညတော့
ယွန်းအပိုင်ပဲ"

Roseရှိသမျှအားနှင့် တွန်းထုတ်နေ
မိပေမယ့် အားနည်းနေသလိုပင်။
ခန္ဓာကိုယ်မှ ဆာလောင်နေသော အသိက ဘယ်လိုမှ ထိန်းချုပ်လို့ မရနိုင်။အသိစိတ်ပင်လွတ်ချင်လာသည်။ယွန်း၏ အထိအတွေ့များကြောင့်ခန္ဓာကိုယ်ကသွေးများ ဆူပွက်လာပြီးနှလုံးခုန်နှုန်းများလည်း ပုံမှန်ထက်မြန်ဆန်လာသည်။ 
ခနအကြာတော့ မလွန်ဆန်နိုင်သည့်အဆုံး ယွန်း၏ ယုယမှုအောက်တွင်ကျရှုံးသွားခဲ့ရလေသည်။

___________

"ဖြန်း"

"မင်းငါ့ကို ညက ဘာလုပ်လိုက်တာလဲ"

"ချစ်လို့လေ"
"ချစ်လို့ပေါ့ "
"ယွန်း အဝေးကနေပဲကြည့်ပြီး ချစ်မနေနိုင်တော့ဘူး"

"မင်းနဲ့ ငါ့ရဲ့ ဆက်ဆံရေးပြတ်ပြီ"
"ငါမင်းကို သူငယ်ချင်းထက်ပိုပြီး မေတ္တာမပိုနိုင်ဘူး"

"မ..မလုပ်ပါနဲ့...ယွန်း...ယွန်း..တောင်းပန်ပါတယ်" 

 "မင်းကို ငါ သူငယ်ချင်းထက်ပိုပြီး မေတ္တာမပိုနိုင်ဘူး" ....ညက ဖြစ်ခဲ့တဲ့ကိစ္စကို ဘာမှမဖြစ်ခဲ့သလိုပဲ သဘောထားပေးလိုက်မယ်"
"နောက်...ငါနဲ့ လာမပတ်သတ်နဲ့တော့"

"မလုပ်ပါနဲ့ roseရယ်" ယွန်း.. ယွန်း
roseမရှိပဲ မနေတတ်ဘူး"

"လဲသေလိုက်"

rose အခန်းထဲက ထွက်သွားဖို့ပြင်လိုက်တော့...

"Rose"
"မင်းထွက်သွားတာနဲ့ နောင်တရလိမ့်မယ်....ဒီမှာကြည့်"

"မင်း တော်တော်ယုတ်မာတာပဲ"
"ကြိုက်တယ်"...ငါ့ကို ဒါမျိုးစိန်ခေါ်တာ"...."လုပ် ချင် သလို လုပ်" စောက်ဂရုကို မစိုက်တာ"

တံခါးကို ဆောင့်ပိတ်သွားကာ ထွက်သွားတော့သည်။ ယွန်းတစ်ယောက်ညက အဖြစ်အပျက်ကို ဗီဒီယို ရိုက်ထားခဲ့သည်တဲ့။ ယွန်းဆိုသည်မှာ နှင်း၏ ငယ်ဘဝကတည်းက ရင်းနှီးခဲ့သည့်
အခင်ဆုံး အချစ်ဆုံး သူငယ်ချင်းဖြစသည်။ နှင်း ဒီလိုဘဝထဲကို ရောက်မလာခင်ကတည်းက ယွန်းသည် ခပ်ဆိုးကောင်မလေးပင်။ အခုမှ နှစ်ယောက်ပေါင်း လောင်းကျော်သည့်အမျိုးသမီးများဖြစ်လာကြသည်။

"ငါက နင့်ကို ချစ်လိုက်ရတာ" နှင်းရယ်"...လုပ်ရက်လိုက်တာ"

"အင်းပေါ့လေ....မင်းကတောင်
လုပ်ရက်မှတော့ ငါကလည်း လုပ်ပြရုံပေါ့"

"ဟက်"

_____________

"တီ....တီ...တီ...တီ"

"ဟဲ့ မိအေး"...ညည်းမမကြီးပြန်လာပြီ"

"ဟုတ်..လာပြီ ကြီးတင်"

မနက်စောစော မိအေးရယ် ခင်ရယ် မနက်စာစားနေကြသည့်ချိန် ဟွန်းတီးသံကြားသောကြောင့် ကြီးတင်က ထွက်ကြည့်ရန် ထွက်သွားတော့ နှင်းပြန်လာပြီတဲ့...။

""သမီး"" ဖုန်းမဆက် အကြောင်းမကြားကွယ်"" ကြီးတင်တို့မှာ စိတ်ပူလိုက်ရတာ""

""ကျမ အဆင်ပြေပါတယ်"...နားလိုက်အုံးမယ်""

ဟု ဘုဆက်ဆက်ပဲပြောကာ သူမအခန်းရှိရာသို့ တတ်သွားလေတော့သည်။

ခင် နှင်းပုံစံကို ကြည့်ထမင်းစားခန်းမှလှမ်းကြည့်လိုက်တော့ ဆံပင်များဖွာလန်ကျဲပြီး မျက်ကွင်းများလည်း ညိုမဲ
ကာ ချိုင့်နေသည်။ ဝတ်ထားသည်ကလည်း ထုံးစံအတိုင်း အတိုအပြတ်။
လည်ပင်းတစ်ဝိုက်တွင်လည်း အနီရောင် အကွက်များကို တွေ့ရသေးသည်။ 

"အင်းး....နှင်းလည်း ဘာတွေလုပ်လာပြန်တာလဲ မသိတော့ပါဘူးကွယ်""

"သေချာတယ် clubမှာ နေ့ည သွားကဲလာတာ နေမှာ"

"မိအေး" ဒီရက်တွေ အနေထိုင်ဆင်ခြင်စမ်း" .....ညည်းမမကြီး ရုပ်ကိုတွေ့လိုက်တယ်နော်...။

"ဟုတ်"

ခင်ကတော့ Roseကို ခြေဆုံးခေါင်းဆုံးကြည့်ရင်း ခနဲ့သလို တစ်ချက်သာ ရယ်လိုက်သည်။

"လူချမ်းသာတွေများနော်......။"



((facebook account မတောင်းကြပါနဲ့ရှင်..သိပ်မသုံးဖြစ်လို့ပါ))
((Tiktok တော့ တစ်ခါတစ်လေဆော့ပါတယ်ရှင်)










မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now