(၅)နှင်းဆီငယ်

Start from the beginning
                                    

"ကျွန်တော်စဉ်းစားပါရစေအုံး"

"မစဉ်းစားလို့မရဘူးလား"

"ဦးကလဲ……"

"နားလည်ပြီ ကလေး…သေချာစဉ်းစားပေးနော်"

"အင်း…အဲ့ဒါဆို ကျွန်တော် မျက်နှာသွားသစ်လိုက်အုံးမယ်…ပြီးရင်မနက်စာပြင်ပေးထားမယ်…ဦးလဲ မျက်နှာသစ်ရေချိုးလိုက်အုံး ဒါမှလန်းသွားမှာဟုတ်သလား"

"ဟုတ်ကဲ့ပါဗျာ"

_______________________
_______________________

"မင်း…ဘယ်လိုလုပ်လိုက်တာလဲ…ငါ့ တူမ…တူမလေးကို"

"ငါမှားသွားတယ်…ငါမှာ ချစ်ရမဲ့သူရှိလို့ လက်မခံနိုင်တော့ဘူး…အဲ့ဒါကြောင့် လက်ထပ်ပွဲကို ဖျက်သိမ်းတယ်"

"မင်းရဲ့စိတ်ဓာတ်ကကွာ…"

"ငါချစ်တဲ့သူကိုပဲ ရွေးချယ်မယ်…ပြီးတော့မွန်း မွန်းက သူငယ်ချင်းတစ်ယောက်ထက်ဘာမှမပိုဘူး သူ့မှာလဲ သူချစ်ရတဲ့သူနဲ့"

"ငါတစ်ခုတော့ပြောလိုက်မယ်ဖာဒီနန် မင်းကို ဒီတစ်သက်မကြေဘူး…ငါ့တူမလေး ခံစားရသလို ပြန်ခံစားစေရမယ်"

စိတ်တိုစွာနှင့်ထွက်သွားသောမွန်း၏ဦးလေး အမှန်ဆို လီယို တောင်းပန် သင့်ပေမဲ့ အရှုံးပေးသလို ဖြစ်သွားပေမည် လီယို ဆိုသည် ဘယ်သောအခါမျှ ခေါင်းငုံ့မခံသော လူစား သို့ပေမဲ့ ဂျော်ဂျီနှင့် တွေ့လျှင် ခေါင်းငုံ့ရုံသာမက ပြားပြားဝပ်နေမည့် လူကြီးပင်။

ထို့နောက်တွင် လီယို မွန်း၏အိမ်မှ အဝတ်စားများကို ယူကာ ‌ဒွန်းအိမ်တော်ဘက်သို့ ထွက်လာခဲ့သည် ဗိုလ်မှူးတစ်ယောက် လက်ထပ်ပွဲဖျက်လိုက်ရသည်ဟူသော သတင်းမှာ လူကုံထံ အသိုင်းအဝိုင်းတွင် ရစ်ထွေးလျက် ထို့ကြောင့် ဘွား သည်လဲ သိပြီးပြီ ဖြစ်လောက်မည်ဟု လီယို တစ်ထစ်ချယုံပါသည်

"ဘွားရေ…ကျွန်တော်လာတယ်"

အိမ်တော်ထဲရှိ အသက် ၈၆ နှစ်အရွယ် အဘွားကြီးမှာ ဝှီးလ်ချဲလ် ဖြင့် အပြင်သို့ထွက်လာ၏ တွန်းလာပေးသောသူမှာ အခြားသူမဟုတ် ဂျော်ဂျီ ၏ အမေ

"မင်းတောင်မလာတာကြာပြီ ဖာဒီလေး"

"ဘွားရာအဲ့ဒီနာမည် မခေါ်ပါနဲ့ဆို…ကျွန်တော်ပဲ အသက် ၄၀ ‌ကျော်ပြီကို"

အချစ်ကမ္ဘာစစ်Where stories live. Discover now