'ဟုတ်'

တီ.......တောင်

'ပစ္စည်းလာပို့တာပါဗျာ လက်မှတ်လေးထိုးပေးပါ'

'အာ....ဟုတ်ကဲ့'

'ကျေးဇူးပါဗျ 5 stars ပေးဖို့လဲမမေ့ပါနဲ့ဗျ'

...............

ဂျီယွန်းလဲ ရောက်လာတဲ့ dress ကိုထုတ်မကြည့်တော့ပဲ ရေချိုးကာပြင်ဆင်နေလိုက်သည်

အများကြီးလဲ မပြင်တတ်တာကြောင့် ပြင်ဆင်ချိန်ဟာ တစ်နာရီပင်မကြာပါ

ဆံပင်ကိုလဲရိုးရိုးပင်ချကာ နှုတ်ခမ်းနီသာပါးပါးလေးဆိုးလိုက်သည်

ဒေါက်ဒေါက်.......

'Bby မပြီး......'

'ဟင်'

ကမ္ဘာလောကကြီးခနရပ်တန့်သွားသလိုပဲ.........

တကယ်ရပ်သွားတယ် ရုပ်ရှင်တွေထဲကလိုမင်းသားကမင်းသမီးအလှမှာမြောရင်း တစ်လောကလုံး နှေးကွေးကုန်တာမျိုး......

လှသည်......

ဆေးခြယ်ထားသောအလှမျိုးမဟုတ်ပဲ ရိုးရိုးနှင့်ကိုလှသည်

ငွေရောင် ဂါဝန်အရှည်လေးသည် သူမကိုယ်နှင့်အံဝင်ခွင်ကျ......

ငွေရောင် ဂါဝန်အရှည်လေးသည် သူမကိုယ်နှင့်အံဝင်ခွင်ကျ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


'မောင်.....?'
'........'

'မောင်......'

'ဟင်'

'ဘာတွေ တွေးနေတာလဲဟင်'

'လှလွန်းလို့မြောသွားတာ'

'ဟီး လူညာကြီး'

'တကယ်ပါဗျ'

'မောင်.......'

'ဟင်'

'ချစ်လားဟင်'

'မောင့်ကို necktie စည်းပေးပါအုံး'

'ဟမ်....ဟုတ်ကဲ့'

မဖြေဘူး မောင်မဖြေဘူး........

ဒါမျိုးဂရုတစိုက်လုပ်ပြပြီး လူကိုမှင်သက်အောင်လုပ်တာ......
မျှော်လင့်ချက်တွေပေးတဲ့ လူဆိုးကောင်

.............

အခုဖြေချင်တာမဟုတ်ဘူးအလှလေးရဲ့
မောင်က အစီအစဥ်တကျလုပ်ချင်တာ
မောင်ပြောမှာပါ.........

..............................

အနီရောင် ကောဇောခင်းထားသည့် အခမ်းအနားတွင် ဆိုက်ရောက်လာသော ကားအကောင်းအစားကြီးသည် ဂျွန်ဂျောင်ကုမှ ဟုတ်ပါစ....

ဘေးတွင် လက်မောင်းအားချိတ်ဆက်ထားသော လက်သွယ်လေးသည် အလွန်လှသည်မို့ အကုန်လုံးကငေးကြည့်ရုံသာအပ မတတ်နိုင်ပေ

ဘေးတွင်ပိုင်ရှင်ကြီးနဲ့ကွာ........

'အို jeon ရောက်လာပြီလား'

မောင်သည် ထိုပွဲ၏အဓိကဖြစ်သည်ယူဆရသောမိန်းကလေးရဲ့အပြောကို ခေါင်းညိမ့်ရုံမျှသာ တုံ့ပြန်သည်........

'အော်.......အမျိုးသမီးပါလာတာကိုး'

'ဟုတ်ပါတယ် ကျွန်တော် အပိုင်လေးပါ'

"အဟက် jeon တို့ကသိပ်ကြူးသတဲ့ကိုး'

'ဟက်'

'ဒါဆိုလဲ ပျော်ပျော်နေကြပါနော် ဒို့ဝိုင်သွားယူပေးမယ်'

'အကြာကြီးနေဖို့စိတ်ကူးမရှိပါဘူး ဇနီးကအနေကြပ်မှာဆိုးလို့ပါ'

'သဘောပါ'

'ဟုတ်ကဲ့'


..............



ဒန်ဒန်ဒန်........

တန်းလန်းထားခဲ့မယ်

ဘယ်လိုယုတ်မာရမလဲစဥ်းစားအုံးမယ် အဟီးဟီး......

A Heart's EnchantmentWhere stories live. Discover now