"ဒင်းဘဝ ဒုက္ခလှလှတွေ့အောင် ဖျက်စီးပြမယ်"

မြ ခင်နှင့်တွေ့ပြီးနောက်ပိုင်း ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ ဦးမင်းနိုင်ကိို အချိုသတ်ပြီး အသုံးချရမည်။
ထိုနေ့က ခင်နှင့် မြ စကားများစွာပြောခဲ့ကြသည်။ ခင် လုံခြုံသည် ကောင်းကောင်းနေရသည်ဆိုသောကြောင့် စိတ်ချရသည်။ သို့ပေမယ့်လည်းRoseဟူသော မိန်းမလက်ထဲတွင် ခင့်ကိုကြာကြာမထားနိုင်။ ထိုအမျိုးသမီးသည် ထင်ထားတာထက် ရက်စက်ကြမ်းကြုတ်သည့် မိန်းမမဟုတ်ပါလား။ တစ်ခါက မြ  ​ထောင်ထဲ မရောက်ခင် မြေအောက် VIP club တွင် ဒေါကြီးမောကြီး လူသတ်နေသည်ကို မြင်တွေ့ခဲ့ဖူးသည်လေ။ တစ်ယောက်မဟုတ် အယောက်ပေါင်းများစွာ ကို
စိတ်မထင်ရင် မထင်သလို လူရုပ်ပင်မထွက်အောင် ရိုက်နှက်တတ်သည့်အမျိုးသမီးမဟုတ်ပါလား။ ထိုကြောင့်စိတ်မနှံ့သော ထိုအမျိုးသမီးနှင့် ခင့်ကို အတူတူကြာကြာမထားချင်။

မြ ခင့်ကို စိတ်မချ။ ခင်က ဘုဆက်ဆက်နှင့် စွာသည်။ မဟုတ်မခံအကုန်ခံပြောတတ်သည့် အမျိုးသမီးလေ။ထို့ကြောင့် ပိုပြီးစိုးရိမ်ရသည်။

"ခဏပဲ စောင့်ပါ ခင်ရယ်"

"မြ ခင့်ကို လာခေါ်ပါ့မယ်"

___________

"ဘေဘီ"!!!!!
"ခင်"!!!!

"ဘာလဲကွယ်"
"ကြားတယ်"

"အပြင်သွားမယ်"

"ဟား...ဟား...ထူထူးဆန်းဆန်း အပြင်ခေါ်လို့...ဘာလဲ အိမ်ထဲကနေ ခြံပြင်ကိုလား""ဟင်း...ဟင်း

"ဟော"...တကယ်ပါဆို"

"ဘေဘီ့ ဆံပင်စုတ်ဖွားကြီးကို ကြည့်မရတော့လို့"

"ကြည့်မရရင် မကြည့်နဲ့ပေါ့...ဘယ်သူက ကြည့်ခိုင်းနေလို့လဲ"

"လာပါ...ဆံပင် သွားညှပ်ကြမယ်"

"မိအေးလည်းပါတယ်"

"မလိုက်ဘူး"

"မရဘူး...
သွားမယ်.."
"လာ"

ခင့်လက်ကို အတင်းဆွဲကာ အောက်သို့ခေါ်ဆင်းလာသည်။ ပထမဦးဆုံး ခင့်ကို အပြင် ခေါ်ထွက်ခြင်းမဟုတ်လား။
ခင် ပျင်းနေမှာစိုး၍ မိအေးကိုပါ ခေါ်ခဲ့ခြင်းဖြစ်သည်။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now