"တို့ကိုများ သနားလို့ ငိုနေတာတော့မဟုတ်ပါဘူးနော်..."

""ဆုတောင်းလေ""

ဟု​ပြောကာ မျက်ရည်အနည်းငယ် ဆွတ်နေသော မျက်လုံးနဲ့ မျက်စောင်းထိုး လိုက်သည်။

ဘာရယ်မဟုတ် ခင့် အတိတ်ကို သတိရသွားကာ ငိုမိခြင်းဖြစ်သည်။အတိတ်က ခင်လည်း တစ်စုံတစ်ယောက်နှင့် ထိုသို့ အိမ်မက်မက်ခဲ့ဖူးသူမဟုတ်လား။ မျှော်လင့်ထားခဲ့
ဖူးသော အိမ်ထောင်ရေးမျိုးကို နှင်းက ဒီနေ့မှ ဘာစိတ်ကူးပေါက်မှန်းမသိလာထိုင်ပြောနေသည်တဲ့။တစ်နေ့တစ်နေ့လည်း မရိုးမအိ မငြီးမငွေ့ချစ်စကားများ မပြောသောရက်မရှိ။နှင်း ကို ခင် ဘယ်လိုလုပ်ပြန်ချစ်နိုင်မည်နည်း။ ခင်ဟာ ပြည့်တန်ဆာတစ်ယောက် မဟုတ်ပါလား။ လူသတ်သမားပင် ဖြစ်ခဲ့သေး။ အချစ်ဆိုတာကိုလည်း ထပ်ပြီး အလိုချင်တော့။
အယုံအကြည်မရှိတော့တာဟု ပြောလျှင် ပိုမှန်မည်။ နှင်းကိုလည်း အားနာမိသည်။

""ခင်""
"ခင် သာလေ တို့ကို ချစ်ဖို့ဆုံးဖြတ်ပြီးရင် ဘာမှ နောက်ဆံမတင်းနဲ့ သိလား"

"တို့ ခင်နဲ့ ပတ်သတ်တဲ့ အရာမှန်သမျှကို တာဝန်ယူတယ်"

"ရှင့်ကို ပြန်ချစ်မယ်များ ပြောမိသေးလားရှင်"

"မဟုတ်ပါဘူး" ...အကယ်၍များပေါ့"

"စိတ်မပူပါနဲ့" အခုလည်း ဒီအဖြေပဲ နောက်နောင်လည်း No ပဲ""

"............"

ခင် သိပ်ရက်စက်တယ်။ဘယ်လိုများငြင်းရက်ရတာလဲ။ တို့များတော့ ရုန်းမရအောင် ခင် ဆိုတဲ့ နွံထဲ နစ်နေမိပြီ။ကျေကျေနပ်နပ်ကြီးလည်း ခင့်နွံထဲကို
တမင်တကာ ခုန်ဆင်းမိရဲ့။ ​စွဲလမ်းမိပါတယ် .....။

_______________

""ကိုကို"

"ဗျာ"

"လွမ်းလို့" အိမ်အမြန်ပြန်လာပါလား"

"ဟော...မြ...ဘာလိုချင်လို့လဲ"

"ဘာမှ မလိုချင်ဘူး" ကိုကို့ကိုပဲ လိုချင်နေတယ်"

"ဟင်း...ဟင်း...ဘေဘီက ကိုယ့်ကိုလွမ်းနေတာကိုး" 

"ဟုတ်တယ်"....အမြန်ပြန်လာနော်"

"Ok...madam""

မြ ဖုန်းချလိုက်ကာ နှုတ်ခမ်းတစ်ချက်မဲ့ရွဲ့လိုက်ပြီး......

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now