"ပြီးတော့ မင်းတို့နှစ်ယောက်...."





"ဟင့်အင်း"





ချန်းခယ့်ယောင်ကခေါင်းယမ်းပြောသည်။





"ဖြစ်ခါနီးလေးပါပဲ၊ အဲဒီအချိန်တုန်းက စိတ်ထဲမှာကိုယ်ကလေးအရွယ်တုန်းကအစ်မလန်ပြောခဲ့တဲ့စကားတွေနဲ့ပြည့်နေပြီး ကိုယ်အရမ်းထင်ရာစိုင်းနေခဲ့တာ၊ သူ့ဘဝရဲ့ခါးသီးတဲ့ခံစားချက်တွေ၊ နာကျင်မှုတွေနဲ့ ဖျက်ဆီးခံလိုက်ရတဲ့ဘဝ အကုန်လုံးကကိုယ့်ဆီမှာလာဖြစ်နေတယ်၊အဲဒါကကိုယ်ခြေမချဘူးလို့ငယ်ငယ်တည်းကအခိုင်အမာစိတ်ပိုင်းဖြတ်ထားခဲ့တဲ့လမ်းပဲ၊ ဒါပေမဲ့ အသုံးမဝင်ဘူး၊ ကိုယ်အဲဒီတွန်းအားကိုခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရတယ်၊ ကိုယ်ဒီလိုဖြစ်နေတာကိုသည်းမခံနိုင်ဘူး၊ ကိုယ်မနေကောင်းဖြစ်နေတယ်"





"မဟုတ်ပါဘူး"





သူအမြန်ရှေ့တိုးကာမှီလိုက်ပြီး သူ့လက်မောင်းများနှင့်ပွေ့ဖက်ထားကာအနှီသူ၏နဖူးကိုသူ့ပုခုံးတွင်တင်စေသည်။





"မင်းမှားနေပြီ၊ မင်းကအဖိုးတန်လေးပါ၊ မင်းနှလုံးသားကဖြူစင်လွန်းလို့အပြစ်ရှိစိတ်ကိုခံစားနေရတာ၊ နောက်ဆုံး မင်းတွန်းလှန်နိုင်ခဲ့တယ်မဟုတ်လား"





သူ့စကားဆုံးသွားသည့်အခါ သူ့ပုခုံးပေါ်မှခေါင်းကနှစ်ကြိမ်ခန့်တုန်သွားပြီး ဂွတီးဂွကျရယ်သံထွက်ပေါ်လာသည်။





"ကိုယ်သူ့ကိုမစွန့်ပစ်နိုင်ဘူး"





ချန်းခယ့်ယောင်ကအသံတိမ်တိမ်နှင့်ဆိုပါသည်။





"သူအရှက်ကွဲခဲ့ရတယ်လေ"





"အာ..."





"အဲဒါမတိုင်ခင်တည်းက ကိုယ်လွန်လွန်ကဲကဲတုံ့ပြန်မယ်လို့မထင်ခဲ့တော့ သူလန့်သွားတယ်"





ချန်းခယ့်ယောင် သက်ပြင်းယဲ့ယဲ့ချလိုက်သည်။





"ပြီးတော့ ကိုယ်တို့နှစ်ယောက်လုံးကငယ်ကြသေးတယ်၊ ပြီးသွားတော့သူလည်းခဏတဖြုတ်တော့နောင်တရသွားမှာပဲ"





Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီWhere stories live. Discover now