"သာယာနေတယ်ပေါ့လေ"
"တို့..အဖေလည်း အသက်သာကြီးတယ်... ဆန်းပွင့်တုန်းနော်.."

"အော်" သမီး..ရောက်ပြီလား"

"ကြာပေါ့"

"ကလေးတွေနဲ့ ရယ်စရာပြောနေတာပါ"

"ဟက်" ....ဒါကြီးတွေက ကလေးတွေ"

"သမီးတို့ ဦးသမီးနဲ့ စကားပြောလိုက်အုံးမယ်...ခွင့်ပြုအုံးနော်"

"ဟုတ်ကဲ့...ရပါတယ်"
"နောက်မှ ဦးနဲ့ အေးဆေးး"

"ဟဲ့ စကားကြည့်ပြော"
"မျက်စောင်းထိုးနေပြီ"

"အဟင်း..ဟင်း..ခွင့်ပြုပါအုံးနော်...မမကြီး"

"........."

"နှင်း" ဒါက ဘယ်လိုဝတ်လာတာလဲ"

"ဟင်...ဘယ်လိုဖြစ်နေလို့လဲ"လှမယ်ထင်တာ ကောက်စွပ်လာတာလေ"...စောနက ဖေဖေ့ကလေး
ဆိုတဲ့ ဟာမတွေတောင် ကျမထက် လှန်ပြန်နေသေးတယ်..."

"လုံလုံခြုံခြုံ ဝတ်စမ်း" ဖေဖေမကြိုက်ဘူး" အသက်ပဲ သုံးဆယ်ကျော်နေပြီ....ကို့ရို့ကားယားနဲ့"

"ကျမ ဘာလုပ်နေလို့လဲ"

"ကိုယ့်ကိုကိုယ်ပြန်ကြည့်စမ်း"
"ဒီလိုပွဲမျိုးမှာ ဒီလိုပုံစံဝတ်လာတာ မရှက်ဘူးလား"..ကိုယ့်အသက်အရွယ်နဲ့...."

"ဟား....မပွားစမ်းနဲ့ ဖေကြီးရယ်"
"အာရုံနှောက်တယ်"
"ဒီနေ့ပါတီက ဘာအတွက်လဲ"

"Projectsအသစ်အောင်မြင်လို့ပေါ့"
"ရှယ်ယာရှင် စုဝေးချင်လို့လည်းပါတယ်"

"ရှယ်ယာရှင်အသစ် ထပ်ခေါ်မလို့လား"

"ဒါပေါ့" ဟော...ကလေးတွေရောက်လာပြီ"

roseမျက်နှာ သိသိသာသာပျက်သွားသည်။

"သူတို့ နှစ်ယောက်ကို ဘာကိစ္စနဲ့ ခေါ်တာလဲ"

"သမီးမောင်လေးတွေကို ပွဲထုတ်ဖို့အရွယ်ရောက်ပြီ မဟုတ်လား"
"အဲဒါ ဖေဖေရှိတုန်း...."

"ဖေဖေ!!!...ဘာမောင်လေးလဲ ကျွန်မ မကြိုက်ဘူး..နောက်တစ်ခါ မောင်လေးဆိုတဲ့ အသုံးအနှုန်း မသုံးနဲ့..။
"ကြိုက်လည်း မကြိုက်ဘူး" တန်လည်းမတန်ဘူး"
"အပျော်မယားက မွေးတဲ့ စောက်ဆင့်နဲ့များ"..
"သူတို့မျက်နှာမြင်ရင်ကို ကျက်သရေတုံးတယ်"

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now