အပိုင်း ၂၆

Começar do início
                                    

"ဟာ အမေကလဲအမေလုပ်မှအမှုပိုကြီးကုန်ပြီ သားသူငယ်ချင်းတွေနဲ့ဆိုင်ဖွင့်ဖို့ပိုက်ဆံထည့်ဖို့ပါဗျာ"

"‌ဘာဆိုင်လဲ ဘာလို့ဖွင့်မှာလဲ မင်းကရောဘယ်ချိန်ကအလုပ်လုပ်ချင်စိတ်တွေပေါက်သွားရတာလဲ"

"အမေကလဲဗျာပုလိပ်စစ်စစ်နေပြန်ပြီ အမေပဲပြောတာသားအသက်အရွယ်နဲ့အလုပ်လုပ်သင့်နေပြီဆိုအဲတာကြောင့်လုပ်မလို့လေဗျာ"

"ဒေါ်လေး ခုနကကိုဇော်ခန့်တောင်းတဲ့ပုံစံကအဲလိုမဟုတ်ဘူးဇွတ်တရွတ်ကြီးတောင်းနေတာ"သွေးသစ်ဒေါ်လေးကိုဘေးကနေပြောလိုက်သည်။

"ပြီးတော့အဲ့တာအိမြတ်ကျူရှင်ဖိုးလို့ပြောတာကိုအတင်းယူသွားတာဒေါ်လေး"

"ဟုတ်သလားဇော်ခန့်"

"ဟုတ်"

"အဲတာမင်းညီမအရင်းလေမအေတူဖအေကွဲမောင်နှမတွေလားမင်းတို့က ဟမ်!မင်းကတောင်မင်းညီမလေးဖို့ကျူရှင်ဖိုးရှာပေးရမယ့်ကိစ္စကိုမင်းကပြန်တောင်ယူနေလိုက်သေးတယ်ဘယ်လိုအကိုတုန်းမင်းက ပြီးတော့မင်းကလဲမှားသေးတယ်သွေးသစ်ကိုလဲထိုးသေးတယ်မင်းမဟုတ်တာတွေတော်တော်လုပ်ထားတာနော်ဇော်ခန့်!"

"အိမြတ်ကလကုန်မှပေးရမှာလေအမေရကျွန်တော်ကအခုလိုနေတာအဲတာကြောင့်အဲလိုပြောတာ ပြီးတော့ဒီကောင်သားကိုမလေးမစားနဲ့ပြန်လဲပြောသေးတယ်"

"အဲတာနဲ့ပဲမင်းကသူ့ကိုထိုးလိုက်တယ်ပေါ့"

"ဟုတ်"

"မင်းလုပ်ရပ်တွေကရောတော်တော်လေးမှန်နေလို့လားဟမ်! သွားငါ့အိပ်ခန်းထဲမှာဆေးဗူးသွားယူ သွား!"

"ဟုတ်"

"သွေးသစ် သွားထိုင်ခုံမှာထိုင်နေ"

"ဟုတ် ဒေါ်လေး"

"ရော့အမေဆေးဗူး"

"အဲ့ထဲမှာအရက်ပြန်ပါတယ်မင်းထိုးလိုက်လို့ပေါက်သွားတဲ့မင်းညီနှုတ်ခမ်းကိုဆေးပြန်သိပ်ပေးလိုက်"

"အမေ!"

"သွေးသစ် နောက်ဖေးကထင်းပုံထဲကထင်းချောင်းယူခဲ့စမ်း! အသက်ကြီးမှအရိုက်ခံချင်နေတဲ့ကောင်ကိုရိုက်ပေးရအောင်"

ပုဂံမြေကိုတိုင်တည်၍Onde histórias criam vida. Descubra agora