"အကုန်လုံးတော့မဟုတ်ပါဘူး"





ရုန်ယီ ခေါင်းယမ်းလိုက်သည်။





"ငါကတော့မင်းကအံ့ဩစရာကောင်းတယ်လို့ထင်တယ်"

"....."

"တကယ်ပြောတာ"





ရုန်ယီ ပြောလိုက်သည်။





"ငါကောလိပ်တက်နေတုန်းက 'နဂါးရှာပုံတော်' ပထမတစ်အုပ်တောင်အခေါက်ပေါင်းမနည်းဖတ်ဖြစ်ခဲ့တယ်"





သူပိုရှက်လာလေ၊ ရုန်ယီကပိုပြီးစိတ်လှုပ်ရှားလာလေပင်။





"ရုပ်ရှင်ထွက်လာတော့အနည်းဆုံးအကြိမ်နှစ်ဆယ်လောက်ကြည့်ခဲ့တယ်၊ အဲဒါက...."

စကားပြောနေရင်းတန်းလန်းဖြင့် သူတစ်စုံတစ်ခုမှားနေသည်ကိုရုတ်ချည့်နားလည်သွားကာ တမဟုတ်ချင်းပါးစပ်ပိတ်လိုက်သည်။





ချိုမြိန်နေသည့်မူလလေထုလေးမှာ ရုတ်တရက်ကို့ရို့ကားယားအဖြစ်ပြောင်းသွားသည်။





"အဲဒါကြောင့်နဲ့မင်းအဲဒီကောင်ကိုချစ်မိသွားတာလား"

ချန်းခယ့်ယောင်ကမေးလာခြင်းပင်။



"....."



ချန်းခယ့်ယောင်က အသက်ပြင်းပြင်းရှူလိုက်၏။

"တကယ်တော့၊ အဲဒီဇာတ်ကောင်နေရာကသူနဲ့မသင့်တော်ဘူးလို့မင်းမထင်ဘူးလား"



အရိုးသားဆုံးပြောရလျှင် မော့ယွီဖေးနှင့်ဇာတ်ကောင်ကြားရှိသဘောထားက အတော်လေးကွဲပြားသည့်တိုင် သူ့တွင်ကြည့်ကောင်းသည့်ရုပ်ရည်ရှိသည်။ ရုန်ယီမှာ ထိုစဉ်ကအထိအရူးထနေခဲ့သေးသည်။ ယခုဤအရာကိုဝန်ခံရန်မှာ သူ့အတွက်ခဲယဉ်းနေ၏။ ရုန်ယီ လည်ချောင်းရှင်းကာမေးလိုက်သည်။





"ဒါဆိုဘာလို့မင်းကသူ့ကိုအကောင်းပြောပေးနေသေးတာလဲ"





"အဲဒီတုန်းက ကိုယ်နဲ့သူကအတူရှိနေသေးတယ် ပြီးတော့ ကိုယ်တို့နှစ်ယောက်ဆက်ဆံရေးကအကောင်းဆုံးအဆင့်မှာလေ၊ အဲဒါကြောင့်ကိုယ်သူ့ကိုတတ်နိုင်သမျှကူညီနိုင်မယ်လို့ထင်ခဲ့တာ"





Mr.Rong's ချစ်မှုရေးရာ ဒိုင်ယာရီWhere stories live. Discover now