"ခင် အစာမစားတာ တစ်ပတ်လောက်ရှိပြီ"
"ဟူး"
"ဘာဖြစ်တာလဲ ခလေးရယ်"ဒီရက်တွေမှာ ခင်သည် စကားလည်းမပြော။ ခါတိုင်း ကတ်ကတ်လန်ပြန်ခံပြောတတ်သော အမျိုးသမီးဟာ အကြောင်းမရှိ တိတ်ဆိတ်သွားပြန်သည်။ Roseသည်လည်း အပြင်
မထွက်ဖြစ်။ အရေးကြီးကိစ္စရှိမှသာ အပြင်ထွက်ဖြစ်သည်။ ပြီးတာနှင့်အိမ်ကိုတန်းတန်းမတ်မတ် ပြန်လာသည်။"ကြီးကြီးတင် " သိလား"
"မမကြီးက ခုတစ်လော အရင်ကနဲ့ မတူဘူးနော်"
"မမကြီးက ဟို အစ်မကို ကြိုက်နေတာလား""ဟဲ့" မိအေး တိုးတိုးပြောစမ်း"
"တော်ကြာ ကြားသွားမှဖြင့်"
"အင်း" နှင်းလည်း အရင်ကလို
ရယ်ရယ်မောမော ပြန်ဖြစ်ရင် ကောင်းမှာပဲ""ဟုတ်တယ်နော် " အရင်ကဆို မမကြီးက သဘောသိပ်ကောင်းတာ"
"အခုများတော့ ဘီလူး...အဲ...ကြောက်စရာကြီးလို့""ဟဲ့...ဟိုကကြားသွားရင် ညည်းနာအုံးမယ်"
"ပြင်ပြီးပြီလား အပေါ်အတွက် ထမင်းဟင်း""ဟုတ်ကဲ့ ပြီးပြီ"
"သွားပို့လိုက်ရမလား""နေနေ" ငါသွားပို့မယ်"
ကြီးတင် အခန်းထဲ ဝင်သွားတော့
မျက်ရည်အဝိုင်းသားနှင့် ပြတင်းပေါက်ဘောင်ပေါ် မှေးတင်ကာ ငေးနေသည်ကို တွေ့ရသဖြင့်..."သမီး "ဘာတွေ ငေးနေတာလဲကွယ်"
"လာ ထမင်းစားကြမယ်""ကျမ စားချင်စိတ်မရှိသေးဘူး"
""ပြန်ယူသွားလိုက်ပါ""""သမီး""
"သမီးဘာတွေ ခံစားနေရလဲ မသိပေမဲ့ ကြီးကြီးတင် ဒီနေ့တော့ သမီးကို ထမင်းစားအောင် ကျွေးမယ်"
""ထမင်းစားမှ အားရှိမှာပေါ့""
"လာ" ကြီးကြီးခွံ့ကျွေးမယ်""ဟင့်အင်း" ခင် စားချင်စိတ်မရှိဘူး"
"အောက်ဆင်းချင်လား"
"ခြံထဲမှာ လမ်းဆင်းလျှောက်ချင်လား"
"စိတ်ပြေလိုပြေငှားပေါ့"
"လာ" သွားရအောင်""နေပါစေတော့""
"ဟိုမိန်းမတွေ့ရင်... ""ကြီးတင် တာဝန်ယူတယ်"
"လာ လိုက်ခဲ့"ကြီးကြီးတင်သည် ခင့်လက်ကိုဆွဲကာ ခင့်သဘောကိုမေးမနေတော့ပဲ အောက်သို့ ခေါ်ဆင်းခဲ့လေသည်။
YOU ARE READING
မူပိုင် ပြည့်တန်ဆာ...။(Completed)
Non-Fictionမူးယဇ်ဆေးထက် ယဇ်မူးစေနိုင်တဲ့ ခင့် အလှက အထက်တန်းဆန်လွန်းတယ်။
episode 21
Start from the beginning