"အို... မောင်ကလည်း" ဘာတွေပြောနေမှန်းမသိဘူးကွယ်" ခင်ရှက်လာပြီ"

"ခင်.... မောင့်ကို ချစ်လား

"ချစ်တယ်..အသက်တစ်မျှပဲ မောင်...

"မောင့် အသွေးအသားကို လိုက်လျောပေးနိုင်မလား... ဟင်

"မောင့်ကို ချစ်တဲ့ စိတ်ကြောင့် မောင်ကို အရာအားလုံးဖြည့်စည်းပေးဖို့ အဆင်သင့်ပါ....မောင်"
"မောင်သာ ခင့်ကို သစ္စာရှိရှိ ချစ်မယ်ဆိုရင်ပေါ့"

"စိတ်ချပါ ခင်" မောင်က ယောကျားပါ"

ထိုနေ့က ခင့်ဘဝ ခင့်အရှက် ခင့်သိက္ခာများအားလုံး မောင်ဆိုသည့် ခင့် ချစ်ရသူဆီ ပုံပေးခဲ့သည်။
အစပိုင်းတွင်တော့ မောင်သည် ပို၍ချစ်ပြလာသည်။ ပို၍လည်း အကြိမ်ကြိမ်အခါခါ မှားယွင်းခဲ့ကြသည်။
ညစ်စွန်း ခဲ့ကြသည်။မောင်သည်
ခင့်ကို ကိုယ်ဝန်ရသွားမည် ဆိုးသဖြင့် ကိုယ်ဝန်တားဆေး တိုက်သေးသည်။

မောင်နှင့် စွန်းထင်းပြီးသည့်နောက်ပိုင်း ခင်သည် မောင့်ကို ပို၍ချစ်လာကာ သံယောဇဥ်ပိုတွယ်လာမိသည်။ မောင်သည်လည်း ခင့်ကို ပို၍ ဂရုစိုက်ပြသည်။
တစ်ရက်တွင်တော့ ခင်နေမကောင်းဖြစ်၍ အစာမစားချင်ပဲ ပျို့အန်နေသည်။

"သမီး " နေမကောင်းဘူးဆိုလည်း နားလေ" အမေပဲ လုပ်လိုက်မယ်"

"ရတယ်" သမီးလုပ်နိုင်တယ်"
"ဝေါ့"

"မဖြစ်ဘူး" ဆေးခန်းသွားကြမယ်"

ဆေးခန်းသွားမယ်ဆိုသောကြောင့် ခင် အနည်းငယ်တော့ လန့်မိသည်။ စိုးရိမ်မိပေမယ့် မဖြစ်နိုင်ကောင်းရဲ့ဟု တွေးကာ စိတ်​ဖြေလိုက်သည်။
....
"ဆရာမ ကျမသမီး ဘာဖြစ်တာလဲ"

"ဒီတိုင်း ကိုယ်ဝန်နဲ့ဆိုတော့ ပျို့တာ အန်တာဖြစ်လိမ့်မယ်"

"ရှင်" ဆရာမ ကိုယ်ဝန်...ဟုတ်လား"
"ကျမသမီးက အပျိုစစ်စစ်ပါရှင်"

"ရှင်"
"တစ်ကယ်ကိုယ်ဝန်ပါရှင်"
"ကျမက လိမ်စရာ ညာစရာလားရှင်"
"ကာယကံရှင်ကိုပဲ သေချာမေးကြည့်လိုက်ပါ"

"ခင်အေး " !!
"ညည်းဗိုက်က ဘယ်သူနဲ့ရတာလဲ"
"အို...ဘယ်သူနဲ့ရရ တစ်ပတ်အတွင်းညည်းကို လုပ်တဲ့ကောင်ကို လာတင်တောင်းခိုင်းချည်"
"မုဆိုးမ သမီးက လင်မရှိပဲ ဗိုက်ကြီးတယ်ဆိုတာ ပတ်ဝန်းကျင်ကပြောတာ ငါမကြားချင်ဘူး"

"......."

ခင်​ မောင့်ကို သွားတွေ့ပြီး အကျိုးအကြောင်းရှင်းပြတော့
မောင်သည် ကြည်ကြည်ဖြူဖြူပင် တာဝန်ယူမည်ဟု ပြောခဲ့သည်ကြောင့် ခင့် အပူလုံးများကျသွားရသည်။

နောက်ရက်မှာပင် ခင့်ကို လာတောင်းသည်ကြောင့် ခင် ..မောင့်ကို အချစ်များပိုခဲ့ရသည်။ ခင် လင်ရကံကောင်းသည်ဟုတွေးပြီး ဝမ်းသာခဲ့သည်။

ခင်အိမ်ထောင်ကျပြီး ၃လလောက်အကြာတွင်တော့ မောင်ဆိုသော သူသည် စတင်ပြောင်းလဲသွားခဲ့သည်။

အရက်သေစာ သောက်စားမူးရူးလာသည်မှာ လူနှင့်ပင်မတူပေ။
သန်းခေါင်ယံမိုးချုပ်မှ ပြန်လာသည်။ လုပ်အားခငွေလည်း မအပ်။
တစ်ရက်ပြီးတစ်ရက် မောင်ပိုပိုပြီး ပြောင်းလဲလာသည်။ ခင်တို့သားအမိ စျေးရောင်းရသည့် ငွေများပင်မချန် တောင်းသည်။

_________

"စောက်ကောင်မ စောက်သုံးကိုမကျဘူး..ဖာသည်မ ငါ့ကို စောက်ဆံပေးစမ်း..။

"မလုပ်ပါနဲ့ မောင်ရယ်"
"ဒါက မီးဖွားဖို့ စုထားတာ"

"ဟာ!!!
"ငါ့ကို ပေးဆိုပေးစမ်း"

"သားရယ် မလုပ်ပါနဲ့ သမီးက မီးဖွားခါ...."

"စောက်ပါးစပ်ပိတ်ထားအဘွားကြီး"
"မဆိုင်တာဝင်မပါနဲ့"

""မောင်!!!
"မေမေ့ကို အော်စရာအကြောင်းမရှိဘူး....!!! ရော့...ဒီမှာ မောင်လိုချင်တဲ့ ပိုက်ဆံ""

"ပေး"အစကတည်းက ပေးလိုက်"
"ပြီးရော " စကားတွေပြောနေရတယ်"...ကောင်မ နင့်စောက်ချိုးပြင်ထား"

မောင်ထွက်သွားသည်နှင့် ခင်နှင့် ခင့်အမေ ငိုချင်းချတော့သည်။

"သမီးရယ်" ကွာလိုက်ပါတော့"
"အမေတောင်းပန်ပါတယ်"

"သမီးသူ့ကို မကွာနိုင်ဘူး မေမေရယ်" ပတ်ဝန်းကျင်က ဝေဖန်ကြလိမ့်မယ်" နောက်ပြီး သမီးသူ့ကို ချစ်တယ်"""

""မိအေးရယ်... ညည်းမိုက်လုံးကြီးလိုက်တာ""

မောင်ထို့နေမှစ၍ အိမ်သို့ ပြန်မလာသည်မှာ တစ်ပတ်ပင်ကျော်ပြီ။

"မေမေ...မောင် တစ်ခုခုများဖြစ်နေလား မသိဘူး"

"ဘာဖြစ်ဖြစ်"...သေသွားလည်း အေးတာပဲ" ဝဋ်ကျွတ်တယ်"

"မေမေ!!!!
"အဲဒီလိုတော့ မပြောပါနဲ့"
------------


မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now