128. နှင်းကျသော နှစ်သက်ကူးညတွင် လျှောက်လည်ခြင်း (2)

Start from the beginning
                                    

သူကဘယ်သူလဲ?  သူသည် မာနကြီးသော မင်းသားရှောင်ဖြစ်သည်။  သူသည် မည်သူ့မျှ မစော်ကားဝံ့သူဖြစ်သည်။  ဖြစ်နိုင်ရင် သူ့ကို မနှောင့်ယှက်တာ အကောင်းဆုံးပါပဲ။ 

"ဘာမှမဖြစ်​ရင်​ မင်းမျက်​နှာ​တွေဘာလို့နီရဲနေတာလဲ ၊ ကြည့်​ရ​အောင်​။ မင်းအဖျားရှိနေတာလား "  ဖန်ယုလန် သည် ကုတ်အင်္ကျီကြီးမှ ထွက်လာသော မို့ရွှီတုန်း၏ မျက်နှာလေးကို ကြည့်လိုက်သည်။ သူသည် သူမနဖူးကို ထိဖို့ ညင်သာစွာ လှမ်းကိုင်လိုက်သည်။  သူမရဲ့ အပူချိန်က မမြင့်သလို မနိမ့်ပါဘူး။  သူက မျက်မှောင်ကြုတ်ပြီး နီရဲနေတဲ့ မို့ရွှီတုန်းရဲ့မျက်နှာကို ကြည့်ပြီး သူမတကယ်ဖျားနေတာလား မဆုံးဖြတ်နိုင်သေးဘူး။ 

"တို့ နေကောင်းပါတယ် !"  မို့ရွှီတုန်းက မသိဟန်ဆောင်ထားသော်လည်း သူသည် သူမမျက်နှာကို ထိရန် လက်လှမ်းလိုက်သောအခါတွင် သူမသည် စကားမပြောနိုင်လောက်အောင် ရှက်သွားသည်။  ဖန်ယုလန်သည် သူမအား ရည်ရွယ်ချက်ရှိရှိ လှည့်စားနေသလားဟု သူမကိုယ်သူမ ငြီးတွားမိသည်။  ယဉ်ကျေးသိမ်မွေ့သောဟန်ဆောင်မှုကို မြင်သောအခါ သူသည် ဆက်ဆံရန်မလွယ်ကူဟု မည်သူထင်မည်နည်း။ 

သူက အခုအချိန်မှာ အရမ်းအန္တရာယ်ကင်းပုံပေါက်ပေမယ့် နောက်ဆက်တွဲဖြစ်လာမယ့်အရာတွေကို ဘယ်သူသိမလဲ။ သူမ ပိုသတိရှိမှ ပိုကောင်းမယ်။  ထို့ကြောင့် သူမသည် နောက်ထပ်ဒုက္ခမဖြစ်အောင် သူ့ကို ကောင်းကောင်း ပြောကြားရမည်။ 

"မင်းတကယ်နေမကောင်းဘူးလား။ ကျုပ်ကြည့်ပါရစေ။" ဖန်ယုလန်က လက်ကိုဆန့်ပြီး မို့ရွှီတုန်းနဖူးပေါ် သူ့လက်ကို ဖိလိုက်တယ်။  ထို့နောက် သူ့လက်ကို သူ့နဖူးပေါ်တင်လိုက်သည်။ 

သူသည် သေချာတောင် မလည်ပတ်ရသေး၍ သူမကို ဤကဲ့သို့ အိမ်ပြန်မပို့ချင်ခဲ့ပေ။  ထို့ကြောင့် သူသည် ခေါင်းကို ရှေ့သို့ရွှေ့ကာ သူမ အဖျားရှိမရှိကို သိရန် မို့ရွှီတုန်း၏နဖူးကို သူ့ဘက်သို့ ချထားရန် ရည်ရွယ်သည်။ 

မို့ရွှီတုန်းသည် သူမအနားကပ်လာသော ချောမောသောမျက်နှာကို သူမမြင်လိုက်သောအခါတွင် သူမ၏ မျက်တောင်ရှည်များ တဖျပ်ဖျပ်ခတ်လာသည်။  သူဘာလုပ်ဖို့ ရည်ရွယ်ထားလဲ သူမမသိတော့ပေ ။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now