သာမန် တွေ့ဆုံပွဲတစ်ခုသာဆို ဘူဖေးအတွက် ကန့်သတ်ချက်က လူတစ်ယောက်ကို ယွမ် ၂၀၀ ဝန်းကျင်သာ ရှိလောက်သည်။ ထို့ထက် ပိုသုံးပါက စနစ်က အသိပေးချက် ထုတ်ပြန်ပါလိမ့်မည်။

သို့သော်လည်း ဒီတစ်ခေါက်တော့ ဖေးချမ့်၏ ခိုင်မာသော အကြောင်းပြချက်ကြောင့် သူတို့ ဘူဖေးကို ယွမ် ၄၀၀ ကျော်အောင် စားခဲ့တာတောင် စနစ်က သတိပေးချက် မထုတ်ပြန်ခဲ့ပါ။

စနစ်၏ စည်းကမ်းချက်စံနှုန်းများက ပုံသေ မဟုတ်ဘဲ အခြေအနေအရ ပြောင်းလဲနိုင်သည်ဟု ဖေးချမ့် ခန့်မှန်းလိုက်သည်။

ကောင်းမွန်သော အချက်တော့ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် နောက်ကို သူစနစ်ရန်ပုံငွေကို သုံးစွဲသည့် နည်းလမ်းအပေါ်မူတည်ပြီး ဖေးချမ့် လွတ်လပ်မှုကို ပိုရနိုင်လိမ့်မည်။

သို့သော်လည်း အမှန်ပင်။ စနစ်ရန်ပုံငွေများက ကိုယ်ရေးကိုယ်တာ ကုန်ကျစရိတ်များထက် ကုမ္ပဏီအရေးကိစ္စများအတွက် သုံးဖို့သာ ကန့်သတ်ချက်ရှိပါသည်။

ပိုက်ဆံဖြုန်းဖို့ သူအကောင်းဆုံး ကြိုးစားနေခဲ့သော်လည်း အသုံးမဝင်သည့် ကြိုးစားမှုဟု ဖေးချမ့် ခံစားနေရဆဲဖြစ်သည်။

ဒီနေ့အသုံးစရိတ်ကိုပဲ နမူနာ ယူကြည့်ပါ။ သူတို့စုစုပေါင်း ၃၀,၀၀၀ တောင်ပြည့်အောင် မသုံးနိုင်ခဲ့ကြပေ။ သူမျှော်လင့်ထားတာ ဒီလို မဟုတ်ပေ။

သို့သော်လည်း အဆင်ပြေပါသည်။ ငွေစာရင်း ရှင်းချိန် တစ်ပတ်တောင် လိုသေးသဖြင့် ပိုက်ဆံများ ဆက်ဖြုန်းဖို့ အချိန်ရှိသေးသည်။

ဖေးချမ့်က ဒီဝန်ထမ်းပေါင်းစည်းပွဲကို စိတ်မဝင်စားသော်လည်း တခြားသူများကတော့ မတူချေ။

အထူးသဖြင့် မာယန်၊ ပေါင်ရှုနှင့် ဟွမ်စစ်ပေါ်အတွက်ဖြစ်သည်။ ဝန်ထမ်းပေါင်းစည်းပွဲကို ဆက်ကျင်းပရင်း အရာရာကို သူတို့ မှင်သက်နေမိပါသည်။

ရုပ်ရှင်ကြည့်ဖို့အတွက် VIP IMAX ရုပ်ရှင်ရုံကြီး တစ်ခုလုံးကို နောက်ဆုံးထွက်ဇာတ်ကားကို 3D ဖြင့် ကြည့်ဖို့ ဘိုကင်တင်ခဲ့သည်။ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now