"ဟုတ်ကဲ့ ရက်စွဲက ပြဿနာမရှိပါဘူး။ သောကြာနေ့ ညနေ"

"စနေနေ့နဲ့ တနင်္ဂနွေနေ့တွေက အနားယူတဲ့ နေ့တွေဆိုတော့ အနားယူတဲ့နေ့တွေကို သုံးပြီး ဝန်ထမ်းပေါင်းစည်းပွဲ လုပ်လို့ ဘယ်ဖြစ်မလဲ။ ညစ်ပတ်ရာကျသွားမှာပေါ့"

"ဟုတ်တယ် သောကြာနေ့ ညနေပဲ သတ်မှတ်လိုက်ပါ"

"ဟုတ်ပြီ ခင်ဗျား စီစဥ်ပြီးရင် အချိန်ဇယားကို ပို့ပေးလိုက်ပါ။ လိုအပ်ချက်ကတော့ အတူတူပဲ။ အားလုံး အဆင့်မြင့်မြင့်တွေပဲ ဖြစ်ရမယ်နော် နားလည်ပြီလား"

ဖေးချမ့်က ရိုးရှင်းသည့် ညွှန်ကြားမှုတချို့ ပေးပြီး ဖုန်းချဖို့ ပြင်လိုက်ပါသည်။ သို့သော် လက်ထောက်ရှင်းက ဆက်ပြော၏။

"ကျေးဇူးပြုပြီး ကိုင်ထားပါဦး ဘော့စ်ဖေး တစ်ခုခု ပြောစရာရှိသေးလို့ပါ"

"ကျွန်မတို့ ကွမ်ကျိုးက ဆန်းစထရိုက်ခ် စတူဒီယိုကို သွားတုန်းက ဘော့စ်ဖေးကို စကားပြောခဲ့တဲ့ ကောင်မလေးကို မှတ်မိလား။ သူ့နာမည်က လင်းဝမ်လေ"

လင်းဝမ် ဟုတ်လား။

ဖေးချမ့်သည် မသဲမကွဲတော့ မှတ်မိနေသည်။

"သူက ဘာဖြစ်လို့လဲ"

"သူက အခုကျင်းကျိုးမြို့မှာ ရောက်နေပြီ။ ကျွန်မတို့ ကုမ္ပဏီထဲ ဝင်ချင်တယ်လို့ ပြောနေတယ်။ သူက တော်တော်လေးကို ပြတ်သားပြီး လစာမပေးရင်တောင် ရတယ်လို့ ပြောနေပါတယ်"

ဖေးချမ့် ကြက်သေသေသွား၏။ "ဟင် သူအခု ဘယ်မှာလဲ"

"ရုံးခန်းထဲမှာပါ။ သိပ်မကြာသေးခင်က ရောက်လာပြီး ကျွန်မနဲ့ စကားပြောနေပါတယ်"

'သူက ဆန်းစထရိုက်ခ် စတူဒီယိုမှာ အဆင်ပြေနေတာပဲ မဟုတ်ဘူးလား။ ဘာလို့ ကျင်းကျိုးကို ရောက်လာတာလဲ'

'ငါတို့ ကုမ္ပဏီကို လစာမပေးရင်တောင် ဝင်ချင်တယ် ဟုတ်လား'

'ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ'

ဖေးချမ့်က ခေတ္တစဥ်းစားချင့်ချိန်ကြည့်လိုက်ပြီး မေးလိုက်ပါသည်။ "လက်ထောက်ရှင်း သူ့ကို ဘယ်လိုသဘောရလဲ"

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now