"အဲဒါကြောင့် လက်တိကျမှု အပိုင်းမှာတော့ Bullet Hole က Counter Strike နဲ့ ၉၀ ရာခိုင်နှုန်း ဆင်တူလိမ့်မယ်လို့ ကျွန်တော် အာမခံနိုင်ပါတယ်။ ဒါက ဘယ်လို ပြည်တွင်း FPS ဂိမ်းတွေမျိုးအတွက်မဆို ရရှိဖို့ ခက်ခဲနိုင်တဲ့ ပန်းတိုင်ဖြစ်ပေမဲ့ ကျွန်တော်တို့ကတော့ လုပ်နိုင်ခဲ့ပါတယ်"

"တစ်ချိန်တည်းမှာပဲ ပန်းချီဒီဇိုင်းအတွက်လည်း ကျွန်တော်တို့ အများကြီး ကြိုးစားနေကြပါတယ်။ သေနတ်တွေဖြစ်ဖြစ်၊ ဝတ်စုံတွေပဲ ဖြစ်ဖြစ်၊ နိုင်ငံခြား အထူးတပ်ဖွဲ့တွေရဲ့မူလပုံရိပ်တွေအတိုင်း လိုက်နာ ထည့်သွင်းထားပါတယ်။၊ တကယ်တော့ ကျွန်တော်တို့ရဲ့ လက်ရာတွေကို စစ်ဆေးဖို့အတွက် စစ်တပ် အထူးအရာရှိတွေကိုတောင် ငှားခဲ့ပါသေးတယ်ဗျာ။ ဒါမှ စစ်တပ်ကို ရူးသွပ်တဲ့ ဂိမ်မာတိုင်းက ဘာပြဿနာမှ မတွေ့မှာပါ"

"ဒါတင်မကသေးဘဲ ကျွန်တော်တို့ရဲ့ အရင် MMORPG ဂိမ်းထဲက Paywall ပုံစံကို Bullet Hole ထဲပြောင်းရွှေ့ထည့်သွင်းဖို့ စီစဥ်ထားပါတယ်။ ဂိမ်းကတော့ အခမဲ့ကစားလို့ရပေမဲ့ လက်နက်ကိရိယာတွေဝယ်ဖို့တော့ ပိုက်ဆံ လိုပါတယ်။ ငွေရှာတဲ့ နေရာမှာ FPS ဂိမ်းတွေရဲ့ ရှေ့ဆောင်လမ်းပြ ဖြစ်လာမှာပါ"

ကျိုးမူယန်၏ ရှင်းလင်းချက်များကို ကြားလိုက်ရသောအခါ ဟွမ်းစစ်ပေါ်၏ မျက်နှာထားက အနည်းငယ် ပြောင်းလဲသွားသည်။

'မကောင်းတော့ဘူး'

'သမုဒ္ဒရာရဲတိုက်တော့ ဂွမ်းပြီ'

'ငါတို့ သမုဒ္ဒရာရဲတိုက်ကို ဖန်တီးထားတဲ့ ပုံစံက Bullet Hole နဲ့ ဆန့်ကျင်ဘက်ပဲဟ'

'Bullet Hole ကဝါရင့် ဂိမ်မာတွေရဲ့ အတွေ့အကြုံကို အဓိက အာရုံစိုက်ပေးပြီး Counter Strike ရဲ့ လက်တိကျမှုကဏ္ဍကို အပြည့်အဝ လိုက်သုံးထားတယ်။ ဒါတင် မကသေးဘူး။ စစ်အရာရှိတွေက အကြံပေးထားတဲ့ သေနတ်တွေ ဝတ်စုံတွေကိုပါ ထည့်သုံးထားတယ်'

'ငါတို့ဂိမ်းနှစ်ခုစလုံးက လက်နက်ကိရိယာမှာ ပိုက်ဆံပေးရတယ် ဆိုပေမဲ့ Bullet Hole က သူတို့ရဲ့ MMORPG ဂိမ်းက Paywell ပုံစံ အတွေ့အကြုံကြောင့် အားသာချက် ရှိနေတာပဲ။ သမုဒ္ဒရာရဲတိုက်မှာတော့ ဘာမှကို မရှိဘူး'

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now