'လုံးဝ မင်္ဂလာရှိတယ်'

'ငါတို့ ငွေအရှုံးပေါ်မဲ့ သေချာပေါက် လက္ခဏာတစ်ခုပဲ'

'ဒီကောင်တွေက သန်း ၃၀၀ လောက်ရင်းနှီးမြှုပ်နှံပြီး ရုံတင်ဝင်ငွေမှာ သန်း ၁၀၀ လောက်ပဲ ပြန်ရတာကို မကြုံဖူးသေးဘူး။ အဲဒါကိုမှာ စူပါ အရှုံးပေါ်တယ်လို့ ခေါ်တယ်ကွ'

'အဲဒီရုပ်ရှင်တောင် ဒီလောက် အရှုံးပေါ်နိုင်မှတော့ ငါ့ဂိမ်းလည်း ဆင်တူနာမည်နဲ့ ယွမ် သန်းနည်းနည်းလောက် အရှုံးပေါ်နိုင်မှာပါ ဟုတ်တယ်မလား'

'ဟုတ်တယ် ငါတို့ဂိမ်းအတွက် လုံးဝ သင့်တော်တဲ့ နာမည်ပဲ'

ဖေးချမ့်က ထိုနာမည်ကို လုံးဝ ကျေနပ်အားရသည်။

ထန်းတာ့နက်ခ်ဝါ့နည်းပညာ ကုမ္ပဏီ လိမိတက်။

ညအချိန်...။

ဒီဇိုင်းအဖွဲ့က လူအားလုံး အလုပ်ကြိုးစားလုပ်နေကြဆဲဖြစ်သည်။

ဟွမ်းစစ်ပေါ်နှင့် ပေါင်ရှုတို့က ဂိမ်းကို စတည်ရေးဆွဲဖို့ အချိန်အမြန်ဆုံးရောက်နိုင်ဖို့အတွက် ဒီဇိုင်းမူကြမ်းကို တတ်နိုင်သမျှမြန်မြန်ရဖို လွန်ခဲ့သော နှစ်ရက်လောက်အထိ အချိန်ပို အလုပ်လုပ်နေခဲ့ပါသည်။

ဒိဇိုင်းအဖွဲ့က တခြားသူအားလုံးကိုလည်း တခြား တာဝန်များပေးအပ်ထားလိုက်သည်။

မူကြမ်း ရေးဆွဲပြီးပြီဆိုတာနဲ့ လုပ်ဆောင်ချက် တစ်ခုချင်းစီကို အသေးစိတ်များအဖြစ် ပြန်လည် ခွဲဖြာပြီး ဒီဇိုင်းအဖွဲ့က တခြား အဖွဲ့ဝင်များမှ ပြီးဆုံးအောင် လုပ်ဆောင်ပြီး နောက်ဆုံးမှာတော့ ဟွမ်းစစ်ပေါ်က ပြန်ပြီး အကျဥ်းချုပ်မည်ဖြစ်သည်။

ဂိမ်း၏ မော်ဒယ်၊ လက်နက်နှင့် ပန်းချီရင်းမြစ်များ၊ ရှင်းလင်းဖို့ လိုအပ်သည့် အရာအားလုံး ပါဝင်သည်။

ကိုင်တွယ်ဖို့ အရာများ များပြားလွန်းပါသည်။

သို့သော်လည်း ဟွမ်းစစ်ပေါ်က တခြားသူများကို အချိန်ပို လုပ်ရန် မတောင်းဆိုခဲ့ပါ။ ထို့အစား သူတို့ဖာသာသူတို့လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့ပြန်ကြအောင်ပင် ဟွမ်းစစ်ပေါ် မတိုက်တွန်းနိုင်ပါ။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now