"ဟူး...ငါတော့ ယောက်ဖမကောင်းမကန်းလေးရတော့မယ် ထင်တယ်"

~~~~~

seokjin လဲ ညစာကို Jimin တို့နဲ့အတူစားပြီး အပေ့်ထပ်က သူအခန်းဆီကိုတက်သွားသည်၊ခြေလက်ဆေးကာ အိပ်ရန်ပြင်ချိန် ဖုန်းဝင်လာသည်၊စာကြည်ခုံပေါ်တွင်တင်ထားသောဖုန်းကိုတချက်ကြည်လိုက်သည်၊နာမည် မမှတ်ထားသော contact ကြောင့် ခဏတွေဝေသွားသည် ၊ဒီအချိန် ဘယ်သူကဖုန်းဆက်တာလဲ၊ မာမီဖုန်းနံပတ်လဲ မဟုတ်၊ Yoongi ဖုန်းနံပတ်လဲ မဟုတ်သလို ဒီအချိန်ကိုတော့ ဖုန်းဆက်မည်မဟုတ်၊အဆကိမပြတ်လာနေတဲ့ ဖုန်းကိုကြည်ပြီး seokjin စိတ်ထဲ မတင်မကျဖြစ်နေသည်၊ဘယ်သူဆက်တာလဲ သိချင်စိတ်ကြောင့် ဖုန်းကိုင်လိုက်သည်

"ဟယ်လို"

သူ ဖုန်းကို ထူးလိုက်ပေမဲ့ တစ်ဖက်ဆီကတိတ်ဆိတ်နေသည်၊ဘာစကားမှ မပြောဘဲ တိတ်ဆိတ်နေတဲ့ ဖုန်းရဲ့တစ်ဖက်လူကြောင့် ‌seokjinလဲ ဖုန်းကိုချဖို့ လုပ်လိုက်ချိန်

"hyung"

"ဟင်"

seokjin လန့်သွားသည် ၊ထိုလူအသံက jungkook အသံနဲ့ အတော်ကိုတူနေသည်၊သူ jungkook အကိုစိတ်စွဲနေလို့ အသံထင်ရောင်ထင်မှားဖြစ်နေတာများလား၊ Seokjin သူဘာတွေးပြီး ရှက်နေသည်၊ ဘာကြောင့် jungkook ကို စိတ်စွဲရမှလဲ ၊မဟုတ်တာ စိတ်စွဲစရာအကြောင်း နည်းနည်းမှ မရှိဘူး၊

"hyung"

ထပ်မံကြားလိုက်ရတဲ့ အက်ရှရှ အသံလေးဟာ ငြင်းဖွယ်မရှိ jungkook အသံသာဖြစ်နေသည်၊မဟုတ်မှ jungkook များလား၊

"ဘယ်သူလဲဟင်"

သူပြန်ဖြေလိုက်တော့ တစ်ဖက်လူအသံက ထပ်မံတိတ်ဆိတ်သွားပြန်သည်၊ seokjin စိတ်ထဲ ဒီလူဟာ ဘာလားပေါ့ ဖုန်းခေါ်ပြီး ဘာမှမပြောတာကြောင့် စိတ်ထဲ မတင်မကျတော့ဖြစ်နေငည်

"ဘယ်သူလဲ"

seokjin ထပ်မေးလိုက်သည်

"ကျနော်အသံကိုမမှတ်မီတာလား hyung"

"Jungkook"

သေချာပါပြီး သူကိုဖုန်းဆက်တဲ့သူက ချစ်တယ်လိုမပြောဘဲ ပြန်ချစ်နိုင်မလားလို့ ကလေးလို့ပူဆာနေတဲ့ နှစ်ယောက်မရှိတဲ့ ခပ်ဆိုးဆိုးလေး jungkook ဘဲဖြစ်ရမယ်၊ဒါနဲ့သူဖုနါးနံပတ်ကို jungkook ကဘယ်လိုရတာလဲသူလဲမပေးဖြစ်ဘဲ၊ထြိချိန်တစ်အိမ်ထဲနေသူ ချစ်စရာညီဖြစ်သူ Jimin ကိုသတိရသွားသည်၊တရားခံက Jimin ကလွဲလို ရှိပါမလား၊

ကျွန်တော်ချစ်သောhyung(complete )Where stories live. Discover now