part _14

795 55 15
                                    

"အား....ကျွစ်"

မျက်ခုံးနှစ်ဖက်ကို အလိုမကျသလိုတွန့်ချိုးက မျက်နှာတစ်ချက်ရှုံ့ရင်း ကျစ် သတ်ကလေသံတိုးတိုး ညည်းထွားနေမီသည်၊ မှိတ်ထားဆဲ ဖြစ်တဲ့မျက်ခွံတွေကို ဖွင့်ဖို့ကြိုးစားနေပေမဲ့လဲ လေးလံနေသလိုခံရနေသည်၊။ မူးနောက်နေသော ခေါင်းကို ညာဘက်လက်ဖြင့် အသာယာဖိကိုင်လိုက်သည်၊ခေါင်းတစ်ခုလုံးတွင် နှာထင်းကြောများကပေါက်ထွက်မတတ် တဆစ်ဆစ်နဲ့ ကိုက်ခဲနေသည်မို့ ခံရအတော်ခက်နေသည်၊ နောက်တစ်ကြိမ် မျက်နှာကိုတစ်ချက် တွန့်ရှုံ့မီသည်၊လေးလံနေသော မျက်ခွံများကို အားယူက ဖွင့်လိုက်တော့ အရင်ဆုံးမြင်လိုက်ရသည်က အဖြူရောင်မျက်နှာချက်တစ်ခုပင်ဖြစ်သည်၊တစ်ဖန် ဆစ်ခနဲ ထိုးကိုက်လာတဲ့ခေါင်းကြောင့် မျက်လုံးတွေကို အလိုလျောက်ပြန်မှိတ်မီလိုက်သည်၊ အနည်းငယ် အချိန်ယူလိုက်ပြီမှ ပြန်ဖွင့်ကြည်လိုက်ကာ ကုတင်ထက် လှဲနေရာကနေထလ်ုက်သည်၊ဘေးဘက်ကိုဝေ့ကြည်တဲ့အခါ သူကုတင်အနားတွင် ခေါင်းလေးမှီကာ အိပ်ပျော်နေသော hyung ကိုတွေ့လိုက်ရသည်မို့ jungkook ရဲ့လှုပ်ရှားမှုများသည် ခဏတာ ရပ်တန့်သွားသည်၊

ပင်ပန်းနေပုံရတဲ့ hyung ရဲ့မျက်နှာလေးက အားနည်နေပုံရသည်၊မေ့မေ့မောမော အိပ်မောကျနေတဲ့ hyung ကို သူမှ မိန်းမောစွာကြည်နေမီသည်၊ နွမ်းလျားနေတဲ့ hyung ရဲ့ပုံစံလေးက တစ်မျိုးကြည်ကောင်းနေသည်
ဆံပင်လေးတွေက နှာဖူးပြင်ပေါ့ ကသို့ကယို့ ရစ်ဝဲနေသည်၊အညိုရောင် မျက်ခုံးမွေးလေးတွေ ၊ အနက်ရောင် မျက်တောင်မွေးလေးတွေက၊ နှာတံမြင့်မြင့်လေးတွေ ၊နီဆွေ့ဆွေ့နှုတ်ခမ်းဖူးဖူးလေးက သိသိသာသာ သူအမြင်အာရုံကိုရယူထားသည်၊ကျနော်ချစ်ရတဲ့ hyung က သက်ရှိပန်းပုရုပ်ကြွင်းလေးဘဲ ဆေးရောင်စုံတို့နဲ့ အနှိုင်းမဲ့လှပနေသည်၊ ကြည်လိုက်တိုင်းရင်အေးစေသည် ၊ ကုတင်ထက်မှ ထိုင်လျှက်အနေထားမို့ ထိုကုတင်လေးကို ခေါင်းမှီကာ အိပ်ပျော်နေသော seokjin ကိုငုံကြည်နေသလို ဖြစ်နေသည်၊

hyung ကသိပ်ဆိုးတာဘဲ မဟုတ်လား ၊ကျနော်ချစ်တာသိပါရဲ့နဲ့ ကျနော်ခံစားချက်တွေကို သိပါရဲ့နဲ့ သူက်ုလျစ်လျူရှုပြီ မကြာခင် hyung ရဲ့ အိမ်ဦးနတ်ဖြစ်လာမယ့်သူကို သူရှေ့မှဂရုစိုက်ပြနေတာ၊ အနည်းဆုံးတော့ ကျနော်ကို အားနာသင့်ပါတယ် hyung ရယ်၊ ကျနော်ချစ်တဲ့ hyung က ကျနော်အဟုတ်တဲ့ တစ်ခြားသူကိုချစ်နေပါတယ်တဲ့လေ၊ ဒီလိုတွေးမီတိုင်း ရင်ထဲ နာကျင်မှုဟာ ဆစ်ခနဲ၊ အလိုလိုဝမ်းနည်းလာသည်၊ hyung အပေါ်တွယ်ငြိနေမီတဲ့ ကျနော်ရဲ့နှလုံသားတစ်စုံက နောက်ထပ်ဘာမှ ချည်နှောင်စရာမလိုတော့ပါဘူး၊ hyung အချစ်ကိုပိုင်ဆိုင်ခွင့်မရတော့ပေမဲ့ ကျနော် ချစ်ခွင့်ရှိသလောက် hyung ကို အများကြီးချစ်နေမယ်၊

ကျွန်တော်ချစ်သောhyung(complete )Where stories live. Discover now