"အား...နေလို့ထိုင်လို့ သိပ်ကောင်းတာပဲ"

"တို့တော့ စွဲမိပြီ ထင်ပါရဲ့" ခစ်...ခစ်..

ကုတင်အောက်တွင် ခွေခွေလေး အိပ်နေသော ခင့်ကို rose ကြည့်ကာ "ကုတင်ပေါ်အတူတူအိပ်လို့ရသားနဲ့"

"ဟေ့" အရိုင်းမလေး"
"တော်တော်အိပ်မောကျနေပါလား"
"ညက ပန်းသွားတယ်နဲ့ တူတယ်" ဟင်း...ဟင်းး..

The rose ကုတင်ပေါ်မှဆင်းလိုက်ပြီး ခင့်ကို ပွေ့ချီလိုက်ကာ ကုတင်ပေါ်တင်လိုက်ပြီး အိပ်မောကျနေသူ
နဖူးပြင်လေးကို ခပ်ဖွဖွနမ်းလိုက်တော့....

"အိုးကွယ်"
"ကိုယ်တွေ အေးစက်နေပါလား"

"ဟေ့...."
"ခင်...ခင်...ခင်ရေ သတိထားအုံး"

ကပျာကယာ အဝတ်စားထဝတ်လိုက်ပြီး ငယ်သံပါအောင်အော်တော့သည်။

"ကြီးကြီးတင် " ကြီးတင်ရေ"
"ဟဲ့ မိအေး... ဘယ်သူမှ မရှိကြဘူးလား"

"ရှင်"ဟုတ်ကဲ့ လာပါပြီ"

"ဆရာဝန်ဆီ ဖုန်းဆက်စမ်း"

"ဟုတ်ကဲ့ "ဟုတ် "

"မြန်မြန်"

ဆရာဝန်ရောက်လာပြီး ခင့်ကို မျက်လုံးများဖြဲကြည့် နှလုံးခုန်စမ်း
ပြီး ဆေးထိုးဆေးသွင်း လုပ်ပေးသည်။

"ကိုစိုင်း.. ဘာဖြစ်တာလဲ" စိုးရိန်ရလား"
"ဆေးရုံတင်ဖို့လိုအပ်လား"

"စိတ်ပူစရာတော့ သိပ်မလိုပါဘူး"
အအေးပတ်သွားတာဖြစ်လိမ့်မယ်"
"လောလောဆယ်တော့ ဆန်ပြုတ်ပူပူလေးပဲ တိုက်ပေးပါ"
"ကျွန်တော် ညနေကျမှ တစ်ခေါက်ထပ်လာခဲ့ပါ့မယ်"

"ကြီးတင်ရေ ကိုစိုင်းကိုလိုက်ပို့လိုက်"

"နှင်း "
"ကျွန်တော်ပြန်ပြီနော်"

"အင်း"

The roseနှင့် ဆရာဝန်ကိုစိုင်းသည်
ငယ်သူငယ်ချင်းများဖြစ်ကြပြီး
နှင်းကို တစ်ဖက်သတ်ကြိုက်ခဲ့ဖူးသော သူလည်းဖြစ်သည်။
ယခုမှာ ကိုစိုင်းလည်း သူ့အိမ်ထောင်နှင့် သူဖြစ်နေလေပြီ။
Roseပြောင်းလဲသွားသည့်နေမှစပြီး
စကားသိပ်မပြောဖြစ်ခဲ့ကြ။
သူငယ်ချင်းဆက်ဆံရေးများပင် အေးစက်ခဲ့သည်။

The rose ဆရာဝန်ပြန်သွားသည်နှင့်

"ကြီးတင်ရေ "
ကျမကို နိုင်းကို ခေါ်ပေးပါအုံး" မြန်မြန်လေး"

"အင်း..အင်း"

Roseဆေးလိုနေပြီ ၊ အသက်ရှူရပင်ကြပ်လာပြီး ခင့် အခန်းထဲမှ ထွက်သွားသည်ပင် ခြေလှမ်းမမှန်ချင်တော့။ ယိုင်နေပြီး လက်များလည်းတုန်ယင်လို့နေသည်။

အခန်းထဲတွင် roseတစ်ယောက်
ဆေးသုံးပြီးတစ်ရေးအိပ်ကာ နိုးလာတော့ ရေမိုးချိုးကာ ခင့် အခန်းထဲ ပြန်ဝင်လာပြီး ခင့်ကိုထိုင်ကြည့်နေမိသည်။

"တို့ မင်းကို ဝယ်ခဲ့တဲ့ ရည်ရွယ်ချက်ကို သိပြီ"
"တို့က မင်းကို ချစ်နေမိတာပဲ"
-----------

"ကြီးတင် မိအေးပြောသားပဲ ညက....

"မိအေး" ညည်းပြောပြန်ပြီလား"
"ကိုယ်နဲ့ မဆိုင်သလိုနေစမ်း"

"ဒါဖြင့် မမကြီးက ဟိုအစ်မကို ကြိုက်နေတာပေါ့နော်""

"မိအေး" ငါလုပ်လိုက်ရင် နာတော့မယ်""

"ဟီး" သိချင်လို့ကို"

ညက ပြန်မလာဘူးဟု ပြောသွားသော မိအေး၏ မမကြီးသည် အိမ်ရှေ့တွင် ကားကို အရှိန်ပြင်းစွာဘရိတ်အုပ်လိုက်ပြီး ခြံစောင့် တံခါးဖွင့်ပေးသည်ကိုပင် မစောင့်တော့ပဲ ဘေးတံခါး လူဝင်ပေါက်မှ ဝင်လာသည်မှာ အမဲဖျက်တော့မည့် ကျားတစ်ကောင်လိုပင်။အပေါ်ထပ်သို့ ပြေးတတ်သွား​ပြီး ခင့်အခန်းထဲဝင်သွားသော မမကြီးကို မိအေး စပ်စပ်စုစုလိုက်ချောင်းသည်။
စကားပြောသံ တစ်အားအားညည်းညူသံ ရေချိုးသံများကို ကြား
ရ၍ တစ်မနက်လုံး ကြီးတင်ကို ဖောက်သည်ချကာ စပ်စုနေခြင်း....။

မူပိုင် ပြည့်တန်ဆာ...။(Completed)Där berättelser lever. Upptäck nu