__________
ခင်တစ်ယောက် အခန်းထဲတွင် ပိတ်မိနေသည်မှာ နှစ်ရက်ပင် ရှိပြီ။
မေ့ဆေးအုပ်ခံရပြီး နိုးလာတော့
အခန်းတစ်ခန်းထဲတွင် ရောက်နေလေသည်။
ခင်စားဖို့ ပုံမှန် အစားအသောက် လာထည့်ပေးသွားကြသည်။
အခန်းထဲတွင် ဝတ်စရာ အပြည့်အစုံရှိပြီး အိမ်သာ ရေချိူးခန်း တွဲလျက်ပါရှိသည်ကြောင့် ခင် စိတ်သက်သာရာ ရသည်။
အခန်းတွင်း ပိတ်ထားခံရသည့် ခင်သည် အသံကုန်ဟစ်အော်သင့်သည် မဟုတ်လား။ အကူအညီအော်တောင်းသည့်အသံထွက်သင့်သည် မဟုတ်လား။
သို့ပေမယ့် မအော်ပေ။ လာချပေးသော အစားအစာများကို တည်တည်ငြိမ်ငြိမ် စားနေနိုင် သည်မှာလည်း အပူအပင်ကင်းသည့် မျက်နှာထားနှင့် က​​လေးငယ်လို ။ ရေပုံမှန်ချိုးအဝတ်ပုံမှန်လဲပြီး သူ့အိမ်သူ့ယာလိုစိတ်အေးလက်အေးဖြင့်သာနေသည်။

"အထဲကတစ်ယောက် ဘယ်လိုနေလဲ"...သောင်းကျန်းနေသေးလား"

"ဘာသံမှ မထွက်ပါဘူး" အဆင်ပြေပါတယ်" အစားလည်း ပုံမှန်စားပါတယ်ရှင့် မမကြီး"

"အင်း"
"ဒီလိုကျတော့လည်း တယ်ထူးဆန်းပါလား" အကြံအစည်ထုတ်နေလည်း
အောင်မြင်မှာ မဟုတ်ဘူးဆိုတာ သိထားသင့်တယ်" မင်းက ထာဝရ ငါ့အပိုင် ....။"

ကျေကျေနပ်နပ်ပီတိဖြာစွာနှင့် တစ်ယောက်တည်းကြားရုံသာ ပြောပြီး သဘောကျစွာ ရယ်မောနေလေသည်မှာ မြင်ရသူတွေအတွက် ကျောချမ်းချင်စဖွယ်။

ညနေပိုင်း Rose အိမ်အကူ ကောင်မလေးတစ်ယောက် ခင့်ကို
ညစာ သွားပို့တော့ သော့ခက်ထားသည့် အခန်းတံခါး အောက်ခြေဖက်တွင် အဖွင့်အပိတ်လုပ်လို့ရသည့်
၁၀လက်မခန့်အပေါက်ရှိသည့်အထဲ
တွင် အစားအစာများထိုးထည့်နေစဥ်
ရုတ်တရက် ခင်သည် လက်ကို ဆွဲလိုက်သည်။

"အမလေး" လန့်လိုက်တာ"

"ဒီမယ်... ခလေးမ... ဟိုအထန်မကို
ပြောလိုက်.. အခန်းထဲ တစ်သက်လုံး
နေရလည်း ကိစ္စမရှိပေမဲ့ ဖတ်စရာ
စာအုပ်လေးတွေတော့ ထည့်ပေးပါလို့....ဒီက ကျမ ပျင်းလို့ သေတော့မယ်...နားလည်လား"ပြောဖြစ်အောင်ပြောလိုက်"

ခင်တောင်းဆိုသည်ကို Roseသိရတော့ ဟက်ဟက်ပက်ပက် ရယ်နေသည်။ပြီးနောက် မြည်လာသော ဖုန်းကို ကောက်ကိုင်ပြီး...

"နိုင်လူ "
"ညကျရင် ပျော်ချင်တယ်"

"ဟုတ်ကဲ့ခဗျ " မမကြီး စိတ်တိုင်းကျ ပြင်ဆင်ထားပေးပါ့မယ်"

ဖုန်းချလိုက်ပြီးသည်နှင့်

"အော် မေ့တော့မလို့"
"သူတောင်းဆိုတာကို မလုပ်ပေးနဲ့"

"ပြီးတော့... ခနနေ အပြင်သွားမယ်"
ကားပြင်ခိုင်းထားလိုက်"
"ငါဒီည ပြန်မလာဘူး"

The rose ပျော်မည်ဆိုသော ညများတွင် ဘယ်တော့အခါမှ အိမ်ပြန်မလာတတ်။ ညလုံးပေါက် အပျော်မောင်များနှင့် ပျော်ပါးနေခြင်းဖြစ်သည်။






မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now