ခင်ဒီနေ့ မြန်မာဆန်ဆန် ဝတ်သွားဖို့ ဆုံးဖြတ်လိုက်သည်။ Clubတွင် ပထမဦးဆုံးသော မြန်မာဝတ်စုံဖြင့် အလုပ်လုပ်သောသူသည် ခင်ပဲ ဖြစ်လေသည်။ အများနဲ့မတူ ထူးဆန်း
သော မျက်စိအရသာကို ခင် ချပြရမည်လေ။

အနက်ရောင်တွင် အဖြူကွက်တိကွက်ကျားပါသည့် ဝမ်းဆက်ကို ထုတ်ပြီးဝတ်လိုက်သည်။
မျက်နှာတွင် ဘာမှမလိမ်းခြယ်တော့ပဲ ကတီပါဖိနပ်သုံးလက်မအထူလောက်ရှိသည့် အနက်ရောင် ဖိနပ်ကို ခြေဖမိုးနုနုထွဋ်ထွဋ်ပေါ်တွင် ဆင်မြန်းပြီး မြဝယ်ထားပေးသည့်
Dior လက်ဆွဲအိတ်သေးသေးလေး
တစ်လုံးကို လက်ကောက်ဝတ်တွင်
ချိတ်ဆွဲလိုက်သည်။

အသားအရည်နှင့် လိုက်ဖက်သော
ဝမ်းဆက်တစ်စုံ ဆံပင် ကောက်ကောက်နှင့် ခင့် ကောက်ကြောင်းတွေမှာ ကော့ညွတ်လျက်။ပြုံးလိုက်လျင် ပါးချိုင့်ကလေး ချိုင့်ဝင်သွားတတ်ပြီး မြင်မြင်သမျှ ထိုပါးချိုင့်ထဲ
ခိုနား ဝပ်ဆင်းချင်စဖွယ်...။
ခြေလှမ်းကြွလိုက်တိုင်းမှာ ကမ္ဘာမြေ
ပြိုကျတော့မတတ် တုန်ခါလွန်းနေသည်။

မြသည်ပင် ခင့်အလှမှာ မျောသွားသည့်ဟန်နှင့် ခင်ပြောနေသည်ကိုပင် မကြား...။

"မြ သွားကြမယ်လေ" မြ လို့ "

"ဟမ်" အော် "အင်း "သွားကြမယ်လေ"

ရန်ကုန်မြို့၏လျို့ဝှက်ချက်များစွာ
​ဖုန်းကွယ်ထားသည့် လူချမ်းသာများ၏ တိတ်တိတ်ပုန်း 119clabသို့ ဝင်လာသော ကောင်မလေးနှစ်ယောက်ကို ကျားတကာ ငေးမောနေကြလေသည်မှာ သွားရည်ပင်ကျလုဆဲဆဲ မျက်နှာထားများနှင့်။

""woww...that is very perfect lady"
"Bring me a lot of money ,khin"

ဦးမင်းနိုင်သည် ခင့်ကို အားတတ်တစ်ရော်ပြောလိုက်သည်။
ခင့်မှာ ပြုံးပြုံးလေးဖြင့်သာ တုန့်ပြန်နေလေသည်။

"let's get started baby!...hahaha"
"let's go"let's go" wow..."

​ရှေ့မှ အော်ကာ ဦးဆောင်ခေါ်သွားသော ဦးမင်းနိုင် လေသံမှာ ရွံစရာအသံပင်ထွက်နေလေပြီ။

"ဖာခေါင်းတွေများ ရွံဖို့ကောင်းလိုက်တာ"

"ခင်"...ရှူးတိုးတိုး" ကြားသွားအုံးမယ်"

"အော်" အဲ" ဟုတ်သား"
_________

"လေလံဖွင့်ပွဲ စတင်ပါပြီခဗျား"

"သိန်း ၅၀"

"သိန်း ၆၀"

"သိန်း ၁၀၀"

"သိန်း ၇၀၀"

စသည့် စိန်ခေါ်သံများ ထွက်နေကြသည်။ ထိုင်နေသော ခင့်ကို ကြည့်လိုက် စျေးတင်လိုက်နှင့် လုပ်နေသော ထိုတဏှာရူးများကို ခင် ရယ်လည်း ရယ်ချင်မိသလို ရွံလည်း ရွံလှသည်။

" အဖုတ်တစ်ပြားကို ဒီလောက်ငွေတွေအများကြီး ပေးပြီး လုဝယ်နေကြတယ်တဲ့လား" တယ်လည်း ရွံစရာကောင်းတဲ့ လောက်တွေ""

ခင် ပြုံးပြုံးလေးနှင့် စိတ်ထဲတွင် ကျေကျေနပ်နပ်ကြီးတွေးပြီး ပြုံးနေမိသည်။ ခင့်လိုလူက အဲဒီလောက် တန်ဖိုးရှိသည်တဲ့လား။

"သိန်းတစ်ထောင် "

"သိန်းတစ်ထောင် တစ်ကြိမ်
သိန်းတစ်ထောင် နှစ်ကြိမ်
သိန်းတစ်ထောင် သုံး......."

"တစ်သောင်း"

ဒေါက်...ဒေါက်...ဒေါက်... ဒေါက်ဖိသံသည် အခန်းထဲရှိ လူတိုင်း၏
အာရုံကို ဖမ်းစားသွားခဲ့သည်။ဂေါင်းစားကြီးမင်းနိုင် ပါးစပ်ဟာလည်း အဟောင်းသား...။

ခင်လှည့်ကြည့်လိုက်တော့ အနက်ရောင်နွယ်ထက်တွင် ထင်ထင်ရှားရှား ဆိုးထားသည့် ဆံပင်ဖြူတစ်မျှင်
နှင့် ဦးခေါင်းပိုင်ရှင် အမျိုးသမီး။

"သိန်းတစ်သောင်း မလုံလောက်ရင်
သိန်းနှစ်သောင်း ပေးမယ်"
"ဘယ်သူ စိန်ခေါ်ချင်သေးသလဲ"

""ဟား...ဟား...ဟား"
"Lady rose က အိမ်ဖော်ထားမလို့လား""

"အိမ်ဖော်လုပ်ခိုင်းမယ်ဆိုလည်း နောက်မှ မင်းနိုင်နဲ့ညှိလိုက်"
""လောလောဆယ် အရိုင်းမလေးကို
ပြုစုပေးချင်လို့""

"စောက်ပေါက်ပိတ်ထားစမ်း"
"ငါယူမယ့် ပစ္စည်းကို ဘယ်သူ အပြိုင်လုချင်သလဲ"

""ကျွန်မမှာ အတံမပါဘူးနော်""
ခင်ထပြောလိုက်တော့ Roseအကြည့်များ ခင့်ထံရောက်လာပြီး ခင့်ကို
ဘာမှပြန်မပြောပဲ...

""ဦးမင်းနိုင် ဒီထဲက လူတွေကို
မောင်းထုတ်လိုက်စမ်း""

ခုနက ခင့်ကို တစ်ကိုယ်လုံးဝါးစားမတတ် ကြည့်နေကြသော မျက်လုံးများသည် ထိုအမျိုးသမီးရှေ့တွင်
မျက်လွှာများ ချထားလျက်နှင့် အသံပင် မထွက်ကြတော့ပေ။ကုတ်ကုတ်နှင့် ထသွားကြတော့သည်။




မူပိုင် ပြည့်တန်ဆာ...။(Completed)Donde viven las historias. Descúbrelo ahora