• ကိုကို့ကို ချစ်တယ် • 𝙵𝚒𝚗𝚊𝚕

Start from the beginning
                                    

" ဟုတ်တယ် ဟျောင်း ! ‌။ "

သူ ဆိုင်ထဲကိုပဲ ခြေချရသေးတယ်
နမ်ဂျွန်းဟျောင်းက အားလုံးကို သိနေသလို အတက်ပြောကာကျွန်တော့်အား လှမ်းခေါ်၏။

ဒီဆိုင်က ကိုကို နဲ့ သူ့ သူငယ်ချင်းတွေ ပေါင်းဖွင့်
ထားတဲ့ ဂိမ်းဆိုင် ဖြစ်သည်။ အစ်မဂျီယွန်း ၊ ကိုကို ၊နမ်ဂျွန်းဟျောင်း၊ ယွန်းဂီဟျောင်း တို့ ပေါင်းပြီးဖွင့်ထားတာ။

ဒီဆိုင်ကြောင့်ပဲ သူနဲ့ ကိုကို ဝေးကွာခဲ့ရတာ မဟုတ်လား ! ကိုကိုက ဒီဆိုင်ကိုပဲ အာရုံစိုက်
နေလို့ သူ့ကို ပစ်ထားခဲ့တာ။

ကိုကိုနဲ့ အဆင်ပြေတုန်းက ခဏခဏ ရောက်
ဖြစ်ပေမဲ့ နောက်တော့ ကိုကို နဲ့ အစ်မ ဂျီယွန်း
ကို သူမမြင်ချင်လို့ ထပ်မလာခဲ့တော့ဘူး ။

အခုတော့ ကိုကိုက သူ့ကို ရှောင်နေလို့ သူပေါ်
လာရတာပင်။ တစ်လလောက်ကို ရှိပြီ။
သိပ်ကို အပြေးတော်နေတာ ကင်မ်ဆော့ဂျင်က။

ထို့နောက် သူလွယ်ထားတဲ့ လွယ်အိတ်ကြိုး
တစ်ဖက်ကိုပဲ လက်နဲ့ ဆွဲတင်ကာ နေရာပြန်ချ
လိုက်သည်။ လက်တစ်ဖက်ကလည်း ဘောင်းဘီ
အိတ်ကပ်ထဲထည့်ကာ ကောင်တာမှာ မတ်တပ်
ရပ်နေတဲ့ နမ်ဂျွန်းဟျောင်းဆီ ဦးတည်ပြီး
လျှောက်သွားလိုက်သည်။

" နမ်ဂျွန်းဟျောင်း ကလည်း
ကျွန်တော် ကလေး မဟုတ်တော့ပါဘူးနော်
ဘာလို့ ကူးပေါက် လို့ ခေါ်နေသေးတာလဲ "

" ဟား ဟား !! ကူးပေါက်က ကလေးပေါ့
ကလေးပဲ ရှိသေးတာလေ ။ ဒီသမင်မျက်လုံး
ဝိုင်းဝိုင်းလေးတွေက ဖော်‌ပြနေတယ် မင်းက
ကလေးလေးပဲ ။ "

ထုံးစံ အတိုင်းပါပဲ သူ့ ကလေးမဟုတ်တော့
ကြောင်း အထွန့်ပြန်တက်တော့ နမ်ဂျွန်းဟျောင်း
က ခပ်သာသာ ရယ်ပြီး ကလေးလို့ပဲ ပြန်ပြောသည်။ ဒါတွေ အကုန်လုံးက ကိုကို့
ကြောင့်လေ။ သူအစစအရာရာ လိုက်ဂရုစိုက်
ပေးလို့ ဖြစ်ရတာ ။

" တော်ပြီဗျာ ... ကိုကို ဘယ်မှာလဲ !!"

" ㅋ ㅋ ㅋ ဟုတ်ပါပြီ ဟုတ်ပါပြီ ။
မင်းကိုကိုက အခန်းထဲမှာ ခဏနေအုံး
အထဲမှာ ဂျီယွန်း ရှိသေးတယ်။ ဟျောင်း
မင်းရောက်နေကြောင်း သွားပြောပေးမယ်။ "

KOOKJIN ONE SHOT COLLECTION Where stories live. Discover now