• Blue Side • 🌀

4.5K 223 79
                                    

The warning !!

ရုတ်တိ မရှိသော အမှန်မဟုတ်သော စိတ်ကူးယဉ် ဖန်တီးမှု ဇာတ်လမ်း တစ်ပုဒ်သာ ဖြစ်သည်၊၊

• 🌀🌀 •

" Seoul အမျိုးသား တက္ကသိုလ် တောတွင်း လေ့လာရေး ခရီးစဥ်"

" ဆော့ဂျင် ရေ အမြန်လာပါဟ ! မင်းလုပ်နေတာနဲ့ပဲ ငါတို့ ကျန်ခဲ့တော့မယ် ၊၊ "

ကျောင်း အပေါက်ဝမှာ လေလျှင်နှင့်အတူ ရွက်လွှင့် ထားသော ပိတ်စအဖြူထည်မှ စာတန်းလေးကို ဖတ်နေရင်း ကျေကျေနပ်နပ် ပြုံးမိသည်၊၊

တက္ကသိုလ်ကျောင်းသား တစ်ယောက်အနေနဲ့
ဒီလို စိတ်ဝင်စားဖွယ် အချက်တွေလည်း လေ့လာ
ကြည့်ချင်တာ ငယ်ငယ်ကတည်းက သူ့အကျင့်ပင်၊၊တော ၊ တောင် ၊ ရေ ၊ မြေ ၊ သဘာဝနဲ့ ထိတွေ့ကြည့်ချင်သည်၊၊ သစ်ပင်တွေကိုသဘောကျသည်၊၊ပန်းပွင့်တွေကို နှစ်သက်သည့် သူ့အတွက်တော့ဒီခရီးကို ထွက်ဖို့ နည်းနည်းလေးတောင် အချိန်မဆွဲချင်တော့ ၊၊

" လာပါပြီဟ ! မင်းတို့ကိုက သည်းလွန်းတယ် ၊၊ "

ကျောင်းက လိုက်ပို့ပေးမည့် ဘက်စ် ကားပေါ်သို့
တက်ကာ စိတ်ခံစားချက်သည်လည်း ပြင်းပြင်းထန်ထန် ၊၊
ကားပေါ် ဝင်ထိုင်လိုက်တော့ နွေးထွေးသွားသော
လေထု ၊၊ ကိုရီးယားမှာ ဒီအချိန်က အရမ်းအေးသည်၊၊ ပါလာသော တစ်ခုတည်းသော ကျောပိုး
အိတ်လေးကို ပထမဆုံး ပေါင်ပေါ်တင်ကာ အိမ်ကအဖွားထည့်ပေးလိုက်သော ငါးပေါင်မုန့် လေး
တွေအား ထုတ်၊ စားရန် သပ်သပ် ဖယ်ထားလိုက်သည်၊၊ ကော်ဖီတွေအား ဖျော်ထည့်ပေးလိုက်သောကော်ဖီ ပူပူ ဓာတ်ဗူး အပုအသေးကိုပါ တစ်စက်တည်းပယ်ထားလိုက်သည်၊၊ ထို့နောက် ကျောပိုးအိတ်ကို ကား၏ ခရီးဆောင်အိတ်များ သိမ်းရာနေရာမှာ အသေအချာသိမ်းထည့်ကာ ကားပေါ်တွင်နေရာ အသေအချာ ယူလိုက်သည်၊၊

ထို့နောက် မကြာလိုက်ပါ အဖွဲ့ထဲမှ သူငယ်ချင်း
တစ်ယောက်က သူ၏ ရေဒီယို မှ သီချင်းသံစဥ်
များအား ဖွင့်လာတော့ ခေါင်း တညှိမ့်ညှိမ့်
လက်တဖြောက်ဖြောက်ဖြင့် စည်းချက်လည်းလိုက်၊ပတ်ဝန်းကျင် အားလည်း လေ့လာကာ လိုက်ပါလာ ခဲ့သည်၊၊

KOOKJIN ONE SHOT COLLECTION Donde viven las historias. Descúbrelo ahora