နိုင်လူသည် Rose၏ ကြိုးဆွဲရာ ခိုင်းလို့ရသည့် ခိုင်းဖက်ဖြစ်သည်။
ငွေမြင်သည်နှင့် အလုပ်ကို ပါးနပ်
သေသပ်စွာ လုပ်ကိုင်တတ်သော
လူဖြစ်သည်။

"အော် ဒါနဲ့...ဟို စောက်ခလေးနှစ်
ကောင် ဂျိုကြွကြသေးလား"

"ဟိုနေ့က မမလေး ပညာပေးထားတော့ လောလောဆယ် ငြိမ်နေပါတယ်"

"အင်း....အပ်ထိုးသမားကို ခေါ်ပေး"
လုပ်စရာရှိတာ ဆက်လုပ်လို့ ရပြီ"

"ဟုတ်ကဲ့ပါ မမလေး"

အပ်ထိုးသမားဆိုသည်မှာ Roseကို
Limitနှင့် မူးယဇ်ဆေးထိုးပေးသော
သူဖြစ်သည်။ အလွန်အကျွံ ဆေးသုံးစွဲမှုမဖြစ်စေရန် ဘယ်သွားသွား ခေါ်သွားသည့် လူလည်းဖြစ်သည်။ဆေးသမားဆိုပေမယ့်
စည်းကမ်းရှိသော ဆေးသမား။

"ကလင်.... ကလင်...ကလင်"ဖုန်းလာသည့် အသံ။

"ပြောကွယ်"

"Rose ဒီည ဘယ်မှာကဲကြမလဲ"

"ဒါများ... ကဲနေကြနေရာပဲပေါ့ကွယ်"

"Ok"...အဆင်တွေ ခေါ်ပေးရအုံးမလား..."

"တော်ပါ" ....ညကနည်းနည်းများသွားလို့ ဖီးလ်မလာသေးဘူး"

"ဟားးး...ဟားးး...ဒါပဲ" ညမှတွေ့ကြမယ်..."

ဖုန်းချပြီးတော့ ဆေးမိန်းမိန်းနေလိုက်သည်။မကြာခင် သူမ အိပ်​တော့မည်လေ။

----------------
"ဟယ်လို မြ"
"ခင် ထွက်လာပြီလား"

"လမ်းတစ်ဝက်ရောက်ပေါ့ကွယ်"

"စောင့်နေတယ်နော်"

"immm"

ခင် ဒီနေ့ အနီရောင် ဂါဝန်တိုဝတ်ထားသည်။ နှုတ်ခမ်းကို နီရဲနေအောင်ဆိုးထားသည်မှာ အရိုင်းဆန်နေသည်။ နမ်းရှုံ့လိုက်ချင်စဖွယ်...။

ကလပ်ကို ရောက်တော့ ခင်စိတ်လှုပ်ရှားသည်နှင့် စိတ်ကိုပြင်ဆင်ရန်toilet သို့ အရင်ဦးတည်လိုက်သည်။

"အ" shit!!! လူတစ်ယောက်လုံးလာတာ မမြင်ဘူးလား"

Women toiletရှေ့တွင် အမျိုးသမီးတစ်ယောက်နှင့် ခေါင်းချင်းတိုက်မိသည်ကြောင့် ခင့် ခန္ဓာကိုယ်ပင် ရိုင်သွားသည်။

"အားး...ငါ့ခေါင်းကွဲပြီထင်တယ်"
"အိုကွယ်" ရှင်က ကျမကို ဝင်တိုက်တာလေ" ကျမက လမ်းအမှန်ဘက်က ဝင်လာတာ" ရှင်ကသာ ဖုန်းကြည့်ပြီး ကျမကို ဝင်တိုက်တာလေ""

"မင်းက အရှိန်နဲ့ပြေးဝင်လာတာ"
"ငါက ဖြေးဖြေးလျှောက်ပြီး ထွက်လာတာ" ဘယ်သူမှားတယ်လို့ထင်လဲ"

"ရှင်ဘယ်လိုမိန်းမလဲ...

ခင် စွာကျယ်ကျယ်နှင့် ပြောလိုက်တော့ ထိုအမျိုးသမီးမှာ တင်းသွားသည့် မျက်နှာထားနှင့်

"ငါမှားနေလည်း မင်းပြောရမှာ တောင်းပန်ပါတယ် ဆိုတဲ့ စကားပဲထွက်ရမှာ"...နေစမ်းပါအုံး မင်းက လူသစ်လား..."လူသစ်ဆိုရင်လည်းဂျိုလေးတော့ ချိုးထားနော်"
"ဒီမှာ ရေရှည်အလုပ်လုပ်ရင် ဂျိုချိုးထားမှာ တော်ကာကျမှာ"

ခင့်ကို ပြောပြီး လှည့်ထွက်သွားတော့ခင် ဒေါသထွက်ကာ နောက်သို့လှည့်ကြည့်မိသည်.... ဟို ဘီလူးမကြီး။

"အော်...အမ်းကုန်းမလေးပဲကိုး"
"ဟင်း...ဟင်း...ဟင်း"

"ဂျိုချိုးထားရမယ့် လူက မင်းဖြစ်အောင် လုပ်ပြမယ်"

ဟု ရေရွတ်ရင်း
ခင်တစ်ယောက် ခနဲ့သဲ့သဲ့ ရီလိုက်လေသည်။




မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now