"တတိယ အချက်က တစ္ဆေစစ်သူကြီးက တကယ်ပဲ သဘောထား စစ်မှန်တဲ့ ဂိမ်းတစ်ခုဖြစ်နေလို့ပါပဲ။”

"ဂိမ်းရဲ့ဝယ်စျေး ၁၀ ယွမ်အပြင် ဂိမ်းထဲမှာ ဝယ်လို့ရတဲ့ တစ်ခုတည်းသော ပစ္စည်းက ယွမ် ၃၀ တန် ရာသက်ပန် မန်ဘာဝင်ကတ် ဖြစ်ပါတယ်။ ဆိုလိုရင်းကတော့ ကစားသမား အားလုံးက တန်းတူညီမျှပြီး ဘာ Paywall မှ မရှိတာကြောင့် ဂိမ်းရဲ့ ခံစားချက် အပြည့်အဝကို ခံစားနိုင်ကြပါတယ်။”

"အဲ့တာတွေကတော့ တစ္ဆေစစ်သူကြီးရဲ့ အောင်မြင်မှုနဲ့ Review ကောင်းတွေ အများကြီး ရနေရခြင်းအတွက် အချက်အချာကျတဲ့ အချက်တွေပဲ ဖြစ်ပါတယ် ခင်ဗျာ။”

"ဧကန္တ တစ္ဆေစစ်သူကြီးဂိမ်းက မိုဘိုင်းကတ်ဂိမ်းတွေ ဒီလမ်းအတိုင်း ဦးတည်လာနိုင်စေဖို့ တွန်းအားတစ်ခုဖြစ်လာနိုင်ပါတယ်။ အနာဂတ်မှာ ဒီလိုမျိုး ရိုးရှင်းပြီး တရားမျှတမှု ရှိတဲ့ဂိမ်းတွေ ပိုပြီးရှိလာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”

ထိုဆောင်းပါး၏ အောက်ဘက်တွင် အင်တာနက်အသုံးပြုသူများက အသည်းအသန် ကောမန့်ရေး နေကြသည်။

"ပရော်ဖက်ရှင်နယ် ဆန်လိုက်တာ"

"မိုက်လိုက်တဲ့ ဆောင်းပါး"

"ဟုတ်တယ်။ တရားမျှတမှုရှိပြီး ရှားပါး ကတ်တစ်ကတ်ရဖို့ ပိုက်ဆံပေးစရာမလိုလို့ တစ္ဆေစစ်သူကြီးဂိမ်းကို ငါ စကစားခဲ့တယ်။”

"ပြီးတော့လည်း ဂိမ်းရဲ့စတိုင်ကို ငါတကယ် သဘောကျတယ်ကွာ ကတ်တွေနဲ့ အောင်မြင်မှုတွေကို လိုက်စုရရုံနဲ့ တစ်နှစ်လုံး ကစားဖို့ လုံလောက်တယ်။”

ကျန်ကောမန့်အားလုံးကလည်း ထိုနည်းလည်းကောင်းများဖြစ်ကြသည်။

ဆောင်းပါးကို ဖတ်ပြီးနောက် ဖေးချမ့် သူ့ဘဝကိုသူ သံသယ စဖြစ်လာခဲ့သည်။

(ဘာလဲဟ)

(မင်းတို့ကောင်တွေ ကစားနေတဲ့ ဂိမ်းက ငါလုပ်ထားတဲ့ တစ္ဆေစစ်သူကြီးဂိမ်းကို ပြောတာလား)

(ပန်းချီစတိုင်ကို ပြောင်းလိုက်ရတဲ့အကြောင်းအရင်းက ကာတွန်းစတိုင်ကို သဘောကျတဲ့ ဂိမ်မာတွေကို တားနိုင်အောင်လို့ကွ)

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now