"ကျွန်တော် အခုပဲ တစ္ဆေစစ်သူကြီး ဂိမ်းအောင်မြင်မှု နောက်ကွယ်က လျှို့ဝှက်ချက်တွေကို ဝေဖန်တင်ပြပေးပါတော့မယ်ခင်ဗျာ။"

"ပထမဆုံးအနေနဲ့ သုံးပြည်ထောင်ကတ်ဂိမ်းက အစပြုခဲ့တဲ့ ကာတွန်းဆန်တဲ့ ပန်းချီစတိုင်ကို တစ္ဆေစစ်သူကြီးက မသုံးစွဲခဲ့ပါဘူး။ အဲ့ဒီအစား သုံးပြည်ထောင်ဇာတ်ကောင်တွေကို ဂိမ်မာတွေအတွက် လတ်ဆတ်တဲ့ အတွေ့အကြုံမျိုး ပေးစွမ်းနိုင်ဖို့အတွက်လုံးဝ ဆန်းသစ်တဲ့ ပုံစံမျိုးတွေနဲ့ ဒီဇိုင်းပြန်ဆွဲဖို့ ရွေးချယ်ခဲ့ပါတယ်။”

"ဂိမ်မာအများစုက ထပ်တလဲလဲ မြင်နေရတဲ့ ကာတွန်းဆန်တဲ့ ဇာတ်ကောင်တွေကို စိတ်ကုန်နေတာ ကြာပြီပေါ့ဗျာ။ ထူးကဲကောင်းမွန်တဲ့ မှင်နဲ့ ဆီဆေး ပေါင်းစပ်ထားတဲ့ ပန်းချီစတိုင်က ဂိမ်မာတွေကို သုံးပြည်ထောင် အသစ်တစ်ခုကို စိတ်ကူးယဥ်သွားစေပြီး သူတို့ရဲ့ စိတ်ဝင်စားမှုကို တစ်ပါတည်း ဖမ်းစားသွားခဲ့ပါတယ်။"

"ဒုတိယအနေနဲ့ တစ္ဆေစစ်သူကြီးရဲ့ ဂိမ်းကစားပုံက အရမ်းကို ရိုးရှင်းတယ်။ လက်ရှိ မိုဘိုင်းဂိမ်းတွေ အားလုံးမှာ ဖောင်းပွနေတဲ့ အချက်တွေ အကုန်လုံးကို ဖယ်ရှားပစ်လိုက်ပြီးတော့ မူရင်း ကစားနည်းရဲ့ အရေးပါပြီး အခြေခံကျတဲ့ အချက်တွေလောက်ပဲ ထည့်သွင်းထားတဲ့အတွက်ကြောင့် ဂိမ်မာတွေရဲ့ ဝန်ကို ကျဆင်းသွားစေပါတယ်။”

"သုံးပြည်ထောင် ကတ်ဂိမ်းနဲ့ တခြားဆင်တူတဲ့ မိုဘိုင်းဂိမ်းတွေဟာ မကြာခဏဆိုသလိုပဲ အခြားအချက်သစ်တွေကို ဂိမ်းထဲ ထပ်ပေါင်းထည့်နေတာကြောင့် အစက ရိုးရှင်းတဲ့ ဂိမ်းတစ်ခုဟာ နောက်တော့ ဂိမ်မာတွေအတွက် အရမ်း စိတ်ရှုပ်ဖို့ကောင်းတဲ့ဂိမ်း ဖြစ်လာခဲ့ပါတယ်။”

"တစ္ဆေစစ်သူကြီးကတော့ အခြေခံကျတဲ့ ကစားပုံတွေလောက်ကိုပဲ ထည့်သွင်းထားတဲ့ အတွက်ကြောင့် ဂိမ်မာတစ်ယောက်က နေ့စဥ် အချိန် တစ်နာရီ နှစ်နာရီလောက်သာ ပေးရပါတယ်။ အဲ့တာကြောင့် တခြားဂိမ်းတွေလို အချိန်လုကစားရတာမျိုး မရှိတဲ့အတွက် အေးအေးဆေးဆေး ကစားတတ်တဲ့ ဂိမ်မာတွေအတွက် အကြိုက်ပဲပေါ့ဗျာ။”

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now