သူတို့ စမ်းကြည့်ပြီးကြသောအခါ ဂိမ်းက တကယ်ပဲ ရိုးရှင်းမှန်း သိလိုက်ရပါသည်။

ဂိမ်းထဲက စျေးကွက်ထဲမှာလည်း ဝယ်ယူနိုင်သည့် တစ်ခုတည်းသောအရာက ယွမ် ၃၀တန် ရာသက်ပန် မန်ဘာဝင်ကတ်ဖြစ်ပါသည်။

တခြားကတ်ဂိမ်းများတွင် Energy၊ အဆင့်ကို စိန်ခေါ်နိုင်သော အခွင့်အရေး အရေအတွက်နှင့် ကတ်ဆွဲခွင့် ဝယ်ယူနိုင်သော ရွေးချယ်ခွင့်များ ပါဝင်လိမ့်မည်။

ဂိမ်းမာများက ထပ်တူညီသော ဂိမ်းကစားနည်းမျိုးကိုပဲ ဘောစိ ဂိမ်မာများနှင့် သာမန် ဂိမ်မာများတို့အကြား သိသာသော ခြားနားချက် မရှိဘဲ ကစားနိုင်ကြလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

ဂိမ်းထဲက တစ်ခုတည်းသော ဝယ်ယူနိုင်သော ပစ္စည်းကပင် ယွမ် ၃၀ ပဲတန်ပါသည်။

ဒါက Fantasy World အတွက် ငွေဖြည့်ကတ် တစ်ကတ်နှင့် ညီမျှပြီး ရာသက်ပန်လည်း ဖြစ်သည်။

ချန်းချိ ထိတ်လန့်သွားရ၏။

သူ မယုံကြည်နိုင်ပါ။

ပြည်တွင်းက နာမည်ကျော် ဂိမ်း Concept ပန်းချီဆရာ တစ်ယောက်အဖြစ် သူက ထိပ်တန်း ပြည်တွင်း ဂိမ်းကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသူဖြစ်ပြီး နယ်ပယ်ထဲတွင်လည်း ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ပါသည်။

သူက အပြင်အဆင်ပိုင်းတွင် တာဝန်ရှိသူ ဖြစ်သော်လည်း ဂိမ်းဒီဇိုင်းနှင့် ပတ်သက်သော အသိပညာတချို့လည်း ရှိနေပါသေးသည်။

ဂိမ်းထဲက ဝယ်ယူနိုင်သော ပစ္စည်းများမှာ ကတ်ဂိမ်းများအတွက် အမြတ်ငွေအဓိက ရင်းမြစ်တစ်ခုဖြစ်၏။ ဘောစိ ဂိမ်မာများစွာက ရာချီ၊ ထောင်ချီသော ငွေများစွာဖြင့် ဖြည့်သွင်းဝယ်ယူတတ်ကြသည်။ ဘောစိဂိမ်မာ တစ်ယောက်တည်းကပင် သာမန်ကစားသမားများစွာနှင့် ညီမျှပါသည်။

ထိုကဲ့သို့ Paywall ပုံစံမျိုးက သုံးပြည်ထောင် ကတ်ဂိမ်းမျိုးမှ ဆင်းသက်လာခြင်းဖြစ်ပြီး ထိုဂိမ်း၏ ဂိမ်းထဲက ဝယ်ယူနိုင်သော ပစ္စည်းများမှာ တခြား ဂိမ်းကုမ္ပဏီများက မနာလို ဖြစ်ရသော အရာဖြစ်ပါသည်။

ထို့ကြောင့် ထိုဂိမ်းကို လောဘကြီးသည်ဟု စွတ်စွဲကြသော ဂိမ်မာများစွာပင် ရှိကြပါသည်။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now