သာမန်ကစားသမားများကိုလည်း ရှားပါးကတ်များ ရရှိသည့် ခံစားချက်မျိုးကို ရရှိစေချင်သည်။

ရွမ်ကွမ်းကျန့်၏ မျက်လုံးတွင် မျက်ရည်များ ဝဲလာခဲ့သည်။ ဖေးချမ့်ကို မူရင်းပန်းချီပုံ တစ်စုံအတွက် ယွမ် ၃,၀၀၀ တောင်းခဲ့သည့်အတွက် သူ လွန်သွားခဲ့သည်ဟုပင် ခံစားသွားရပါသည်။

ဒီလို သဘောကောင်းတဲ့ စရိုက်မျိုးနဲ့ ဖန်တီးသူကို သူ စျေးလျှော့ပေးခဲ့သင့်သည်။

ရုတ်တရက် ရွမ်ကွမ်းကျန့်၏ ခေါင်းထဲ နောက်ထပ် မေးခွန်းတစ်ခု ပေါ်လာခဲ့၏။ သူ အမြန် မေးကြည့်လိုက်ပါသည်။ "ဘော့စ်ချမ့် ကျွန်တော် တစ်ခုလောက် မေးချင်လို့ပါ။ ဂိမ်းက ဒေါင်းလုတ်ဆွဲတဲ့သူ သိပ်မရှိသေးဘူးနော်။ ခင်ဗျား မားကတ်တင်းလုပ်ငန်းစဥ်တွေ မလုပ်ရသေးလို့လား။"

ဖေးချမ့် "မားကတ်တင်းဟုတ်လား။ ဟားဟား ဘာမားတတ်တင်းမှ မလုပ်ဘူး။"

ရွမ်ကွမ်းကျန့် ကြောင်သွား၏။ "ဘာလို့ မလုပ်တာလဲ။"

ဂိမ်းတစ်ခုကို ဖန်တီးပြီး မားကတ်တင်း မဆင်းရတဲ့ အကြောင်းအရင်းက ဘာလဲ။

စားသောက်ဆိုင်ကောင်းကောင်း တစ်ဆိုင်ကတောင် လမ်းအစွန်အဖျားကို ရောက်သွားမှာ ကြောက်တတ်သည်။ မားကတ်တင်း မဆင်းဘဲ ဂိမ်မာတွေက ဒီဂိမ်းအကြောင်းကို ဘယ်လိုလုပ်ပြီး သိမှာလဲ။

ဖေးချမ့် ပြောလိုက်သည်။ "ငါ့မှာ ပိုက်ဆံ မရှိတော့လို့ကွ နမူနာတွေ၊ ပန်းချီရင်းမြစ်တွေ၊ နောက်ခံတီးလုံးနဲ့ အသံလုပ်ဆောင်ချက်တွေ၊ Cloud အငှား ဝန်ဆောင်မှုတွေ ဝယ်ဖို့ အတွက် စုစုပေါင်း ယွမ် ၃၀၀,၀၀၀ လောက် သုံးခဲ့ရတာ။ ငါ့မှာ အခု တစ်ပြားမှ မကျန်တော့ဘူး။"

ရွမ်ကွမ်းကျန့် မျက်ရည်ကျလောက်သည့်အထိ ခံစားသွားရပါသည်။

ဒီလူ့မှာ ဘယ်လို စိတ်ထားကောင်းမျိုး ရှိနေတာလဲ။

ရွမ်ကွမ်းကျန့်က သူ့ကို မူရင်းပန်းချီပုံများ လာအပ်စဥ်က ဖေးချမ့်တစ်ယောက် ဘယ်လောက်တောင် ရက်ရောခဲ့မှန်း ပြန်မှတ်မိသွားသည်။

အစကတော့ ရွမ်ကွမ်းကျန့်က ပုံလေးပုံပါသည့် တစ်စုံကို ယွမ် ၂,၀၀၀ ဖြင့် ကမ်းလှမ်းခဲ့၏။ သို့သော်လည်း ဖေးချမ့်က ယွမ် ၂,၀၀၀ မှာ သူတို့၏ ဒီဇိုင်းဆွဲရာတွင် အလုပ်ကြိုးစားမှုအတွက် မတန်ဘူးဟု ဆိုကာ ယွမ် ၃,၀၀၀ အထိ တိုးပေးခဲ့ပါသည်။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now