ရွမ်ကွမ်းကျန့် : "ဘာလို့လဲဗျ"

ဖေးချမ့် : "ဘာလို့လဲဟုတ်လား။ ဘာမှ မဘာလို့လဲဘူး။ ငါတို့ဂိမ်းရဲ့ စျေးဗျူဟာက ပုံသေစျေး တစ်ခုတည်း ထားဖို့ပဲ။ ကစားသမားတွေက ဂိမ်းကို ဝယ်ဖို့အတွက်နဲ့ ၁၀ ယွမ်တောင် သုံးပြီးပြီလေ။ ငါတို့ ဂိမ်းထဲမှာ ဝယ်ယူနိုင်တဲ့ ပစ္စည်းတွေ ထပ်ထည့်လို့ ဖြစ်ပါ့မလား။"

"တကယ်တော့ ငါမူလအစီအစဥ်က အဲ့ ယွမ် ၃၀ တန် ရာသက်ပန် မန်ဘာဝင်ကတ်ကိုတောင် မထည့်တော့မလို့ပဲ။ ဒါပေမယ့် ထည့်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းအရင်းက ကစားသမားတချို့ရဲ့ လိုအပ်ချက်ကြောင့်ကွ။"

ရွမ်ကွမ်းကျန့်ခင်ဗျာ လုံးဝ မှင်သက်သွားပြီး အချိန်အတော်ကြာသည့်တိုင်အောင် ဘာပြန်ပြောရမှန်း မသိတော့ပါ။

(ဘော့စ်ဖေးက သဘောကောင်းလိုက်တာ)

သုံးပြည်ထောင် ကတ်ဂိမ်း၏ Paywall ကြီးက ယွမ် ၁,၀၀၀ ဝန်းကျင်တွင် ရှိပြီး ဘောစိ ကစားသမားများသာ အလွန်ရှားပါးသည့် ကတ်များကို ရရှိနိုင်သည်။ သာမန် ဂိမ်မာများကတော့ ခရမ်းရောင် ကတ်လေးတစ်ကတ် ရနိုင်ဖို့တောင် အချိန်အကြာကြီး ယူရပါမည်။

သို့သော်လည်း တစ္ဆေစစ်သူကြီး  ဂိမ်းမှာတော့ အားလုံးက တန်းတူညီကြ၏။ တစ်ခုတည်းသော ခြားနားချက်လေးက ယွမ် ၃၀ တန် ရာသက်ပန် မန်ဘာဝင်ကတ်တစ်ခုပဲ ဖြစ်ပါသည်။

ဒါက သုံးပြည်ထောင် ကတ်ဂိမ်းဆိုလျှင် ထိုငွေပမာဏမျိုးနဲ့ ၁၀ ကြိမ်ဆွဲခွင့် တစ်ခုတောင် ရနိုင်မည် မဟုတ်ပေ။

ရွမ်ကွမ်းကျန့် တစ်ယောက် ရုတ်တရက်ကြီး ဖေးချမ့်၏ လူကြီးလူကောင်း ဆန်သည့် နှလုံးသားကို သူ့စိတ်နဲ့ နှိုင်းယှဥ်ပြီး ဝေဖန်ခဲ့မိသည်ဟု ခံစားလိုက်ရပါသည်။

Paywall မရှိသည့် အကြောင်းအရင်းက ဂိမ်းမှာ မပြီးမြောက်သေးခြင်း သို့မဟုတ် တခြား အကြောင်းအရင်းများကြောင့်ဟု သူထင်ခဲ့မိပါသည်။

သို့သော်လည်း မေးကြည့်ပြီးမှ သူ နားလည်ခဲ့ရသည်။ ဖေးချမ့်က Paywall တစ်ခု လုံးဝ မဖန်တီးလိုပါ။ သူ ဖန်တီးချင်တာက အလွန်အမင်း တရားမျှတမှုရှိသော မိုဘိုင်းကတ်ဂိမ်းတစ်ခုမျှသာ ဖြစ်သည်။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Donde viven las historias. Descúbrelo ahora