ယွမ် ၃၀၀,၀၀၀ ရပြီးနောက် စားကောင်းသောက်ဖွယ်များကို ငပျင်းတစ်ယောက်လို ပျော်ပျော်ကြီး စားသောက်နေပြီး  နေ့ရက်များကို ကုန်ဆုံးရမည့် တောက်ပသော သူ့အနာဂတ်ကို မြင်ယောင်နေမိပါပြီ။

...

...

ထိုနေ့ နေ့လည်ခင်းက ရွမ်ကွမ်းကျန့်တစ်ယောက် ဗိုက်ဆာဆာဖြင့် နိုးလာခဲ့သည်။

တခြားသူများလည်း နိုးလာခဲ့ပါပြီ။

ဟွမ်ကြီးက အသင့်စား ခေါက်ဆွဲဗူးများနှင့် အမှိုက်သရိုက်မျိုးစုံကို အမှိုက်အိတ်ထဲထည့်ရင်း အဆောင်ကို သန့်ရှင်းရေးလုပ်နေ၏။ အမှိုက်အားလုံးကို လွှင့်ပစ်ဖို့ အသင့်ဖြစ်နေပါပြီ။

"ကွမ်းကျန် မင်းနိုးလာပြီလား။ ဘယ်လိုနေလဲ အလုပ်ကို အပ်လိုက်ပြီလား။ အလုပ်ရှင်က ပြုပြင်ပေးဖို့ တောင်းဆိုသေးလား" ဟွမ်ကြီးက သန့်ရှင်းရေးလုပ်ရင်း မေးလိုက်ပါသည်။

ရွမ်ကွမ်းကျန့်က အိပ်ယာထဲမှ ထလာ၏။ "ဟင့်အင်း ဘော့စ်ဖေးက အရမ်းကြိုက်ပြီး ဘာမှ ပြင်စရာမလိုဘူးလို့ ပြောလိုက်တယ်။"

"အရမ်းကြိုက်တယ် ဟုတ်လား" ဟွမ်ကြီး အံ့အားသင့်သွားသည်။ "ဘယ်လိုတောင် သဘောကောင်းလိုက်တဲ့ အလုပ်ရှင်လဲကွ။ တစ်ခုတစ်လေလေးတောင် ပြုပြင်ဖို့ မတောင်းဆိုဘူးလား။"

ရွမ်ကွမ်းကျန့်က ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်ပါသည်။ "ဟုတ်တယ်။ ငါတို့ရဲ့ မူရင်း ပန်းချီပုံတွေက ပြင်ဆင်ဖို့ လိုအပ်တာမျိုး မဟုတ်ပေမယ့် တချို့ချီးထုပ် အလုပ်ရှင်တွေက ပုံမှန်ဆို... အမ် ခေါက်ဆွဲဗူးတွေ မရှိတော့ဘူးလား။"

"အေး ငါတို့အကုန်တီးလိုက်ပြီ။ ဒီနေ့ည အောင်ပွဲခံတဲ့အနေနဲ့ အပြင်မှာ ထွက်စားကြရအောင်" ဟွမ်ကြီးက အကြံပေးလိုက်သည်။

ရွမ်ကွမ်းကျန့်က သဘောတူစွာ ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တာပေါ့။ ငါလည်းအဲ့လို လုပ်ဖို့ စဥ်းစားနေတာ။ ငါတို့ ဝေစုမခွဲခင် စားကောင်းသောက်ကောင်းလေး သွားဆွဲကြတာပေါ့။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အားလုံးအတွက် ခက်ခဲခဲ့မှာပဲ။"

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now