ရွမ်ကွမ်းကျန့် ပို့ပေးထားသည့် မူရင်းပန်းချီပုံးများကို သူဖွင့်ကြည့်လိုက်ပါသည်။

ပထမဆုံးပုံကို မြင်သောအခါ သူကြက်သေသေသွားရ၏။

"ဘာလဲဟ။ ဘယ်လိုဖြစ်ပြီး ဒီလောက် အသေးစိတ် ကျရတာလဲ။"

"ဒီမူရင်းပန်းချီပုံက တကယ်ပဲ ယွမ် ၇၀၀ တည်းလား။"

ဖေးချမ့် သူ့ကိုယ်သူ အမြင်မှားနေသည်ဟုပင် ထင်နေမိပါသည်။

မူရင်းပန်းချီပုံများနှင့် ပတ်သတ်ပြီး သူ သိပ်မသိသော်လည်း ပုံကောင်းတစ်ခုနှင့် ပုံဆိုးတစ်ခုအကြား ခြားနားချက်ကို ခွဲခြားဖို့တော့ လွယ်ကူပါသည်။ အသိသာဆုံး နည်းလမ်းက အသေးစိတ်ကျမှုကို ကြည့်ဖို့သာ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် မူရင်းပန်းချီပုံများအတွက် အသေးစိတ် တစ်ခုချင်းစီတိုင်းကို ပန်းချီဆရာ တစ်ယောက်က ခက်ခက်ခဲခဲ ရေးဆွဲရခြင်းဖြစ်သည်။ အသေးစိတ် ပိုကျလေလေ ပန်းချီစရာက ဆွဲသားရာတွင် အားပိုစိုက်ထုတ်ရလေလေ ဖြစ်သည်။

ပုံမှန်ဆို ပိုစတာအဆင့်လောက်ရှိသော မူရင်းပန်းချီပုံများအတွက် စျေးနှုန်းများက သောင်းချီပြီး တက်သွားနိုင်၏။ ပုံဆွဲသူများကလည်း တစ်ပတ်လုံးနီးပါး ဆွဲရပြီး အသေးစိတ်များက အလွန်အမင်း ပေါများပါလိမ့်မည်။

သို့သော် ယွမ် ရာကျော်အနည်းငယ်သာ ကုန်ကျသည့် မူရင်းပန်းချီပုံများကတော့ ကြပ်တည်းသော အချိန်သတ်မှတ်ချက်အတွင်း မြောက်များစွာ ထုတ်လုပ်ရခြင်း ဖြစ်ပါသည်။ ပုံဆွဲသူက အသေးစိတ်ပိုကျအောင် လုပ်ချင်ရင်တောင် လုပ်ဖို့ အချိန်မရှိလောက်ပါ။

သို့သော်လည်း ဒီမူရင်းပန်းချီပုံများက ဖေးချမ့် စိတ်ကူးထားတာထက် အများကြီး အသေးစိတ် ကျလွန်းနေပါသည်။ ဒါတင်မကသေးဘဲ ပန်းချီစတိုင်များက အလွန် ဆန်းသစ်လွန်းပါသည်။

ဒီမူရင်းပန်းချီပုံက နဂါးမျိုးနွယ်စုက သိုင်းသူတော်စင် ကွမ်ယု၏ပုံဖြစ်သည်။ အရင်က မာယန်၏ လိုအပ်ချက်ဖောင်တွင် နဂါးတစ်ကောင်ဖြစ်ဖို့သာ ရေးထားပြီး ဘယ်လို အသေးစိတ် အချက်အလက်မျိုးမှ မပါဝင်ပေ။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now