"သူ့တစ်သက်လုံး ဓားသွားပေါ်မှာ လျှောက်လှမ်းရင်း ကုန်ဆုံးခဲ့ကာ တိုက်ပွဲတွေကို နားလည်မှု၊ သတ်ဖြတ်မှု အတွေ့အကြုံတွေက သာမန်လူတွေနဲ့ ခြားနားတယ်။"

ဒါပါပဲ။

ယခု မာချောင်ကို ဥပမာကြည့်ရအောင်။

"သူက လူသားတစ်ပိုင်း မြင်းတစ်ပိုင်းမို့လို့ တခြားမျိုးနွယ်စုလို့ ခေါ်တယ်"

"မာချောင်က တခြားမြင်းလူသားတွေနဲ့ ခြားနားပြီး နဂါးမျိုးနွယ်စုရဲ့ သွေးမျိုးဆက် လက္ခဏာကို ရှင်းရှင်းလင်းလင်း ပိုင်ဆိုင်ထားတယ်။ သူ့ခေါင်းပေါ်မှာ နဂါးဦးချို ရှိနေတာမျိုးပေါ့။"

"နဂါးမျိုးနွယ်စုရဲ့ မျိုးဆက်သွေးပါတာကြောင့်မို့လို့ မာချောင်က နဂါးမျိုးနွယ်စုနဲ့ ဆင်တူတဲ့ ခွန်အားမျိုးကို ပိုင်ဆိုင်ထားတယ်။"

ယခု ကျူးကောလျန့် အလှည့်ရောက်ပြီ။

"ကျူးကောလျန့်သည် ငယ်စဥ်ကလေးဘဝတွင်ပင် အကြီးကျယ်ဆုံး တီထွင်သူ၊ ရူပဗေဒပညာရှင်၊ သုံးပြည်ထောင်ခေတ်ရဲ့ ယန္တရားနဲ့ လျှပ်စစ်အင်ဂျင်နီယာကြီးလို့ လူသိများကြတယ်။"

"သူ့သုတေသနတွေမှာ လူလုပ်မိုးကြိုးတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လက်နက်တွေ၊ လေပေါ်ပျံတဲ့ ကိရိယာတို့၊ ကားတို့၊ စက်ရုပ်တို့ တခြားကျယ်ပြန့်တဲ့အရာတွေလည်းပါဝင်ခဲ့တယ်။"

"တစ်ချိန်တည်းမှာပဲ သူ့ကို ကဗျာဆရာ၊ ဒဿနပညာရှင်၊ ဂီတပညာရှင်နဲ့ ဘာသာဗေဒ ကျွမ်းကျင်ပညာရှင်လို့လည်း လူသိများကြတယ်။"

ကျူးကောလျန့်၏ ဖော်ပြချက်က အရင်နှစ်ယောက်ထက် ပိုရှည်နေပါသည်။ ရေးနေရင်း မာယန်တစ်ယောက် စိတ်ပါသွားတာ သိသာသည်။

ထို့အပြင် ကိုယ်ရံတော်နဂါးမလေး ကျိုးချန်၊  မိဘမဲ့ဖီးနစ်စ် ဖန်းထုံ၊ ရေခဲသလင်းကျောက်အပျိုစင် ရွှီရှု၊ စက်ရုပ် ရုပ်သေး ဟွမ်းယွဲ့ယင်၊ သွေးလောကအရှင်သခင် ကော်ကျား၊ လိုလီနဂါးမုဆိုး လုမန်၊ ညရိန်းဂျား ထိုက်ရှစ်စီ၊ အရိပ်ဓားသမား ကျိုးယု အစရှိသည်တို့လည်း ပါသေးသည်။

၎င်းတို့၏ နာမည်နှင့် မသဲမကွဲ တချို့ ဝိသေသ လက္ခဏာများမှ လွဲပြီး ထိုဇာတ်ကောင်အားလုံးမှာ သုံးပြည်ထောင်ခေတ်က ဇာတ်ကောင်များနှင့် လုံးဝ မတူတော့ပါ။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now