ခဏလောက်ကြာသောအခါ သူ့ခေါင်း ထပ်ပြီး ပြူထွက်လာကာ နောက်တစ်ခေါက် မေးလိုက်ပြန်သည်။ "ယောက်ဖချမ့် ကွမ်ယုကို နဂါးတစ်ကောင်လို ဒီဇိုင်းဆွဲလိုက်လို့ ရလား။ အဆင်ပြေလား။"

ဖေးချမ့်က ခေါင်းငြိမ့်လိုက်သည်။ "ရတာပေါ့"

ခဏလောက်ကြာသောအခါ။

"ယောက်ဖချမ့် မာချောင်ကို မြင်းတစ်ပိုင်း လူတစ်ပိုင်း လုပ်လိုက်လို့ရလား။"

"ရတာပေါ့"

ထို့နောက် နောက်တစ်ခေါက်...။

"ယောက်ဖချမ့်၊ ကျိုးကန်ကို နဂါးမလေး လုပ်လိုက််ပြီး ကျူကေလျန်ကို တီထွင်သူတစ်ယောက် လုပ်လိုက်မယ်လေ ဟွမ်းယွဲ့ယင်က စက်ရုပ် ရုပ်သေးရုပ်ဖြစ်ပြီး ရှုချူက ကျားတစ်ကောင်လုပ်လိုက်မယ် ချောင်ပီက လက်တံတွေနဲ့ မကောင်းဆိုးဝါးဖြစ်ပြီး လုမန်က နဂါးသတ်တဲ့ လိုလီလေးလုပ်လိုက်မယ် အဆင်ပြေလား"

ဖေးချမ့်က သူ့ပေါင်ကို ထောင်းလိုက်ကာ ပြောလိုက်ပါသည်။ "ပြေတာပေါ့ကွ မာကြီး မင်းက ဉာဏ်ကြီးရှင်ပဲ။ မင်းသိလား။ အဲ့ပုံစံအတိုင်းသာ ဆက်လုပ်ကွာ။"

မာယန်က အစကတော့ သူ့အလုပ်ကို သံသယဖြစ်နေခဲ့သော်လည်း ဖေးချမ့်၏ ထောက်ခံချက်များက သူ့ယုံကြည်ချက်ကို တောက်လောင်သွားစေခဲ့သည်။

မာယန် သူ့အလုပ်ကို ဘယ်လောက်တောင် အတည်ပေါက် လုပ်နေသလဲမြင်ကာ ဖေးချမ့်၏ ရင်ထဲတွင် ပန်းများပွင့်လာခဲ့၏။

သူလူရွေးမမှားပါ။

ကျိုးကန်ကို နဂါးမလေး လုပ်ပြီး လုမန်ကို နဂါးသတ်လိုလီလေး လုပ်လိုက်မယ်တဲ့လား။

ဘယ်လောက်တောင် ပါရမီရှိလိုက်တဲ့ ပေါက်ကရကောင်လဲ။

ဒါမျိုးက ဖေးချမ့်တစ်ယောက်တည်းသာဆို ဘယ်တော့မှ စဥ်းစားမိမည့် အရာမျိုးဖြစ်ပါသည်။

အစကတည်းက အားကိုးလို့မရသည့် လိုအပ်ချက်များကို စျေးပေါပေါ ပုံဆွဲသူထံတွင် အပ်လိုက်ပါက ဂိမ်း၏ မူလဒီဇိုင်းပုံများမှာ ကြည့်ရှုချင်စရာ အကြောင်းမရှိတော့ပါ။

ဂိမ်မာတွေသာ ချောင်ပီ ကတ်ကို ရပြီး သူက ရေဘဝဲလက်တံများရှိသည့် မကောင်းဆိုးဝါးဆိုတာကို သိလိုက်ရလျှင်...

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now