"ပြီးတော့လည်း ပုံတွေ ဘယ်လိုထွက်လာမလဲ စိတ်မပူနဲ့နော်။ အဲ့တာက ပုံဆွဲသူရဲ့ ဒီဇိုင်းပေါ်မှာလည်း မူတည်တယ်။ မင်းကလမ်းကြောင်းပဲ တည့်ပေးရမှာ"

"ဒီဇိုင်းတွေကို လွတ်လွတ်လပ်လပ် ဖန်တီးလို့ရတယ်။ အစကတည်းက ပုံသေမှ မဟုတ်တာ။ အထွေထွေ ဗဟုသုတကနေ ဖြစ်ပေါ်လာတဲ့ အမှားတွေကို ဘယ်သူကမှ အပြစ်မတင်ပါဘူးကွာ။"

ဖေးချမ့်က သူ့ကို ဆက်ဖျောင်းဖျလိုက်ပါသည်။

အခက်အခဲကြောင့် မာယန် လက်လျှော့ပြီး တာဝန်ကို သူ့အား ပြန်မပေးစေချင်လိုပါ။

မာယန် နောက်ဆုံးတော့ ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပါပြီ။ ဒါဆိုလည်း ငါအကောင်းဆုံး ကြိုးစားမယ်။"

စိုးရိမ်မှုရှိသေးသဖြင့် ဖေးချမ့် ထပ်ပြောလိုက်ပါသည်။ "မှတ်ထားနော်။ လုံးဝ လုံးဝ အသစ်ပြင်ဆင်ရမှာ။ အဓိပ္ပာယ်မရှိလေလေ ပိုကောင်းလေလေပဲ။"

မာယန်တစ်ယောက် သူ့ကုတင်ပေါ်မှာ ထိုင်ပြီး နားနှင့် ပါးများကို စတင်ကုတ်ခြစ်လေသည်။

၁၀ မိနစ်လောက် သည်းခံပြီးနောက် ဘာတိုးတက်မှုမှ မရှိသေးပါ။

နောက်ဆုံးတော့ သည်းမခံနိုင်တော့ဘဲ သူ့ခေါင်းကို ပြူကာ ပြောလိုက်သည်။ "ယောက်ဖချမ့်၊ ငါအရင်ဆုံး သုံးပြည်ထောင် တိုက်ပွဲကို သွားဝယ်လိုက်ရမလား..."

ဖေးချမ့် သူ့ကို ချက်ချင်းတားလိုက်ပါသည်။

"မဝယ်နဲ့၊ လုံးဝ ဝယ်လို့မဖြစ်ဘူး ငါရှာနေတာ မင်းရဲ့ ဖန်တီးလိုစိတ်လေ နားလည်လား။ လောလောဆယ်မှာ မင်းက သုံးပြည်ထောင် တိုက်ပွဲအကြောင်း ဘာမှ မသိထားဘူး။ အဲ့တာကြောင့်ပဲ ဒီဇိုင်းကို လုံးဝ အပြည့်အဝ ပြောင်းလဲနိုင်မှာလေ။"

"မူလပုံတွေက ဘယ်လိုပုံစံဖြစ်သင့်လဲ စိတ်ပူမနေပါနဲ့။ မင်းရဲ့ စိတ်ကူးယဥ်နိုင်စွမ်းကို အကောင်းဆုံး အသုံးချပြီး မင်းပြုပြင်နိုင်သမျှ အကောင်းဆုံး ပြုပြင်လိုက်။"

"ဟုတ်ပါပြီ" မာယန်က စိတ်ပျက်လက်ပျက် လေသံဖြင့် ပြန်ပြောကာ။ သူ့ခေါင်းကို ပြန်ရုတ်သိမ်းလိုက်ပြီး ဆက်လက် စဥ်းစားနေလေသည်။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now