"ဒီဖန်တီးသူကတော့ ငါ့ကိုအူတက်အောင် လုပ်နေပြီ။ ဒီဂိမ်းကို အမှိုက်ဂိမ်းမှန်း ငါတို့ မသိဘူးထင်နေလား။ အမှိုက်ဂိမ်းမို့လို့ကို ငါတို့က ကစားနေတာကွ။"

"ဒီဖန်တီးသူက ကိုယ့်အပြစ်ကိုယ်သိသားပဲ။ မင်းရဲ့ရိုးသားမှုကို ဂုဏ်ပြုတဲ့အနေနဲ့ နောက်ထပ် ၅ ယွမ် ဘောက်ဆူးပေးမယ်။"

"ဒီဂိမ်းကို ငါ့သူငယ်ချင်းတစ်ယောက်ဆီ လက်ဆောင်အဖြစ်တောင် ပို့ပေးလိုက်ဦးမယ်ကွာ။"

ဖေးချမ့်က ကောမန့်များကို ဖတ်ရင်း ငိုမဲ့မဲ့ဖြစ်နေလေပြီ။

ဒီကောင်တွေ ငွေပြန်အမ်းခိုင်းအောင် အနှစ်ချုပ်မှာ ငါဘာရေးရမလဲ။

နောက်ဆုံးတော့ ရောင်းစျေးကို ၁ ယွမ်သတ်မှတ်ခဲ့ခြင်းက အမှားကြီးတစ်ခုဖြစ်မှန်း ဖေးချမ့် နားလည်သွားခဲ့ပါသည်။ စျေးပေါလွန်းသဖြင့် ဝယ်သွားသည့် လူများက ငွေပြန်အမ်းခိုင်းဖို့ပင် မမှုကြတော့ပါ။

သို့သော်လည်း အဓိကအချက်က စျေးကို အရမ်းအမြင့်ကြီးလည်း မတိုးရဲသောကြောင့်ဖြစ်သည်။ ဒါက အနိမ့်စားဂိမ်းတ်စမျိုးသာဖြစ်သည်။ သူယွမ် ၁၀၀ အဖြစ်သတ်မှတ်လိုက်ပါက ESRO ၏ စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းစဥ်ကို အောင်မြင်ဖို့ ခက်ခဲရုံသာ မကဘဲ စနစ်ကလည်း သေချာပေါက် သူ့ကို သတိပေးပါလိမ့်မည်။

ဖေးချမ့်က ဂိမ်း၏ ရေပန်းစားမှု ဆက်တိုက် တိုးမြင့်လာသည်ကို ကြည့်ရင်း စိတ်ပျက်အားလျော့နေပါသည်။ သူသည်းမခံနိုင်တော့ပေ။

...

တနင်္လာနေ့။

"ယောက်ဖချမ့်။ ဒီနေ့ နေ့လည် အတန်းလည်း ထပ်လစ်ဦးမှာလားကွ"

မာယန်က သူ့အထုပ်များကို ပြင်ဆင်ပြီးပြီ ဖြစ်သည်။ နိုးနေတာ သေချာသော်လည်း အိပ်ယာပေါ်တွင်လှဲပြီး ဘဝကြီးအကြောင်း မျက်လုံးပြူးပြူး ငါးသေတစ်ကောင်လို တွေဝေစဥ်းစားနေသည့် ဖေးချမ့်ကို ဇဝေဇဝါကြည့်ကာ မေးလိုက်သည်။

ဖေးချမ့်က လက်ခါပြလိုက်သည်။ ပြန်ဖြေဖို့ အားပင်မရှိတော့ပါ။

"မင်းကတော့ တကယ့်ကောင်ပဲ"

မာယန်က စာအုပ်များဖြင့် ထွက်သွားတော့သည်။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now