ချောင်းလျန်က ဂိမ်းကို ပိုးစိုးပက်စက် ပြောပစ်ကာ သူ့ Recording ကိုသေသေချာချာ သိမ်းပြီး အိပ်ယာထဲဝင်လျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။

သုံးရက်ခန့် ကြာပြီးနောက်။

ဖေးချမ့်က ပုံမှန်အတိုင်းပဲ သူ့အဆောင်ထဲတွင် နိုးလာခဲ့သည်။ သူ့ဘဝ၏ ပျော်ရွှင်မှုကို ခံစားလိုက်ရ၏။

ဒီအချိန်တောအတွင်း တက္ကသိုလ်ဘဝကို နောက်တစ်ဖန် လိုက်လျောညီထွေးဖြစ်လာအောင် နေထိုင်နိုင်ခဲ့သည်။

အလုပ်အကြောင်းလည်း စိုးရိမ်စရာမလို၊ KPI မပြည့်မှီမှာကိုလည်း ဖိအားများစရာမလို၊ သူ့အထက်လူကြီးများ၏ ဒေါသကို ရင်ဆိုင်စရာ မလိုတော့ဘဲ နေ့တိုင်း သာမန်အတိုင်းပဲ နိုးထလာနိုင်ခဲ့သည်။

အကျဥ်းချုပ်အားဖြင့် ဆိုရလျှင် ပြောစရာ စကားတစ်ခွန်းသာရှိသည်။ အားရကျေနပ်မိပါသည်။

သို့သော်လည်း သူသာ ပိုချမ်းသာလာလျှင် ပိုကောင်းမှာ အမှန်ပင်ဖြစ်သည်။

နိုးထလာသောအခါ ပထမဆုံး လုပ်ရမည့် အလုပ်က စနစ်ကို ဆင့်ခေါ်ခြင်းဖြစ်၏။

စနစ်ရန်ပုံငွေတွင် သုညကို မြင်လိုက်ရသောအခါ ဖေးချမ့် စိတ်ကျေနပ်မှုတစ်ခုကို ခံစားလိုက်ရပါသည်။

ကောင်းလိုက်တာ။

ကိုင်ပိုင်စည်းစိမ် Status ၏ နောက်က သနားစရာ ပုံရိပ်ကိုတော့ သူဘာမှ လုပ်လို့မရပါ။

အကောင်းဆုံး ကြိုးစားနေသော်လည်း ဘာပိုက်ဆံမှ လုံးဝစုလို့မရပေ။

လစဥ် နေထိုင်စရိတ်အတွက် ယွမ် ၁,၀၀၀ သာရှိ၏။ ကန်တင်းမှာ နေ့တိုင်းစားရင်တောင် လုံလောက်မည်မဟုတ်ပါ။

ဘာပဲဖြစ်ဖြစ် သူ့ပိုက်ဆံအကုန်လုံးကို အစားအသောက်အတွက်ပဲ အသုံးချလို့မဖြစ်ပါ။ တခြား နေ့စဥ်အသုံးစရိတ်များအတွက်လည်း သုံးရဦးမည် မဟုတ်လား။

ဖေးချမ့်က စနစ်၏ ရန်ပုံငွေ ဆုံးရှုံးမှုကို သူ့ ကိုယ်ပိုင်စည်းစိမ်အဖြစ် လုံးဝ ပြောင်းလဲမည့် နောက်ထပ် ၁၁ ရက်ကြာ စာရင်းရှင်းမည့် အချိန်ကို မစောင့်နိုင်တော့ပါ။ ထိုအခါ အလွန် အံ့သြဖို့ ကောင်းလွန်းနေပါလိမ့်မည်။

သူဌေးကြီးဖြစ်ဖို့ ပိုက်ဆံတွေ ဆုံးရှုံးဖို့လိုတယ်Where stories live. Discover now