"ဟုတ်ပါပြီ။ ဂရုစိုက်ပါ ညီလေးလင်း။ သတိထားပြီးသွား" လုံခြုံရေး ခေါင်းဆောင်က လင်းဖန်အတွက် တံခါးဖွင့်ပေးလိုက်ပါသည်။

လင်းဖန်ထွက်သွားသောအခါ လုံခြုံရေး အစောင့်တစ်စုက ဝင်ပေါက်အနားတွင် တတွတ်တွတ် ရေရွတ်နေကြသည်။

"လခွမ်းပဲ။ ညီလေးလင်းက တကယ်ပဲ ဘဝအကြောင်း နားလည်အောင် လေ့လာနေတဲ့ ဒုတိယမျိုးဆက် သူဌေးလေးပဲ။ သူ့ပြိုင်ကားကြီးကိုတောင် ထုတ်မစီးဘဲ သုံးဘီးဆိုင်ကယ်ပဲ စီးသွားတယ်တဲ့။ ဘယ်လောက်တောင် နှိမ့်ချတတ်လိုက်သလဲ"

"ဘုရားရေ မင်းတို့ကောင်တွေ ချမ်းသာခြင်းဆိုရဲ့ အဓိပ္ပာယ်ကို အခုနားလည်ကြပြီလား။ တကယ်ချမ်းသာတဲ့လူဆိုတာ ပြိုင်ကားတွေ မောင်းနေမှာမဟုတ်ဘူး။ ညီလေးလင်းက ရိုးရိုးရှင်းရှင်း အဝတ်အစားတွေပဲ ဝတ်ထားတာ။ သုံးဘီးဆိုင်ကယ်လည်း စီးတယ်။ ဒါပေမယ့် ငါတို့နယ်မြေထဲက နှလုံးသား ရေကန် ဗီလာကြီးရဲ့ ပိုင်ရှင်ပဲမဟုတ်လား"

"ဒါ ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက်ရဲ့ ဘဝလား။ သုံးဘီးဆိုင်ကယ်စီးရင်း မနက်ခင်း နေရောင်ခြည်ကို ခံစားနေတာ။ ညီလေးလင်းမှာ စားသောက်ဆိုင်လေး တစ်ဆိုင်ရှိတယ်လို့လည်း ငါကြားတယ်။ သူက တကယ်ကြီး ဘဝအကြောင်း နားလည်အောင် ကြိုးစားနေတာပဲ"

"တစ်နေ့ကျရင် ဟယ်လီကော်ပတာတွေ အများကြီး ရောက်လာပြီး ညီလေးလင်းကို ဒီလိုလာပြောမယ်ထင်တယ်။ ဘော့စ်လင်း အိမ်ပြန်ပြီး ဘီလီယံဆယ်ချီတဲ့ ပိုင်ဆိုင်မှုတွေကို ဆက်ခံပေးပါဆိုပြီးတော့လေ..."

"မင်းကလည်းကွာ ဝတ္ထုဖတ်တာတွေ များနေပြီထင်တယ်။ ညီလေးလင်းက အဲ့လိုလူမျိုးမဟုတ်ပါဘူး။ သူက ဘဝအတွေ့အကြုံ ယူနေပေမယ့် မိန်းကလေး လှလှပပလေးတွေ အိမ်ခေါ်မလာတတ်ဘူး။ ညီလေးလင်းက အဲ့ကိစ္စကို ဂရုမစိုက်မှာတောင် စိုးရတယ်"

နေ့တစ်ဝက်လောက် အလုပ်လုပ်ပြီးသွားသောအခါ ရှားဝမ်ချွေ့ ရောက်မလာခဲ့ပေ။ သို့သော်လည်း စားသောက်ဆိုင်သို့ လာသော ဧည့်သည်တချို့ ရှိသေးသဖြင့် သူဝင်ငွေတချို့တော့ ရှိနေပါသေးသည်။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now