126. အေးစက်ပြီး မှောင်မိုက်နေသော မိုအိမ်တော်၏ နှက်သစ်ကူးအကြို

Start from the beginning
                                    

"မမလေး ၊ အဒေါ်မိုနဲ့ အဒေါ်ချင်းတို့က သခင်ကြီဆီ လူတွေကို လွှတ်ထားပြီးသားပါ ။ သူတို့အားလုံးကို သခင်ကြီးက ဝင်ခွင့်မပြုပဲ အပြင်မှာ တားထားတယ်။" မိုယု သည် မို့ရွှီတုန်း၏ မျက်လုံးများတွင် စိတ်ပျက်အားငယ်နေသည်ကို မြင်သောအခါ ရှင်းပြသည်။ 

"အဆင်ပြေပါတယ် ၊ သခင်ကြီးက မမလေးကို အချစ်ဆုံးပါ ၊ မမလေးသာ သူ့ကို ဖက်ထုပ်တွေ ကိုယ်တိုင်ကိုယ်ကျ ယူလာပေးတာ တွေ့ရင် သခင်ကြီး အရမ်းပျော်သွားမှာ သေချာပါတယ် ။ "

မိုလန်သည် ဖက်ထုပ်များကို စားပွဲပေါ်ရှိ အစားအသောက်ပုံးထဲသို့ ထည့်လိုက်သည်။  ထို့နောက် သူမသည် ဗူးထဲသို့ သူမလုပ်ထားသော အရံဟင်းနှစ်မျိုးကိုလည်း ရည်ရွယ်ချက်ရှိရှိ ထည့်ပေးခဲ့သည်။  အစားအသောက်စီစဉ်ပြီးတာနဲ့ ဘေးမှာရပ်နေတဲ့ မိုရိကို ပေးလိုက်ပြီး မို့ရွှီတုန်းအတွက် ကိုင်ခိုင်းလိုက်တယ်။ 

မိုလန်သည် မို့ရွှီတုန်း၏ အိမ်ဖော်များထဲတွင် ဂရုတစိုက်အရှိဆုံးဖြစ်သည်။  ထို့ကြောင့်လည်း မို့ရွှီတုန်းတွေးနေသည့်အရာကို သူမသိပြီး ယခု သူမစိတ်မကောင်းဖြစ်နေကြောင်း နားလည်ခဲ့သည်။ 

သူ့သခင်မလေးသည် ယနေ့ လှပသောပွဲတစ်ပွဲကို အနိုင်ရခဲ့ပုံရသော်လည်း၊ သူမသည် သခင်ကြီးကို နာကျင်စေခဲ့သည်။  သူ့သခင်မသည် ငယ်ငယ်တုန်းကလို စိတ်အားငယ်နေသည် ။ သူမသည် ယခု သခင်ကြီး အကြောင်းကို သေချာတွေးနေပြီး သူ့ကို တွေ့ချင်နေသည်။  ထို့ကြောင့် သူမသည် မို့ရွှီတုန်းဆီသို့ ယူဆောင်လာရန် ပိုကြီးသော အစားအစာသေတ္တာတစ်လုံးအတွက် မိခင်ရှုကို အထူးတောင်းဆိုခဲ့သည်။ 

မိုယုသည် မို့ရွှီတုန်း၏ နူးညံ့သော သားရေခေါင်းစွပ်ကို ဝတ်ဆင်ရန် ကူညီပေးခဲ့သည်။  နှင်းတွေပြန်ကျနေပြီး အနောက်မြောက်လေက အူလိုက်လို့ အအေးဒဏ်ကို ခံစားရတယ်။ 

စာကြည့်ဆောင် စင်္ကြံလမ်းအတိုင်း လျှောက်လာရင်း လူများစွာနဲ့ မတွေ့ခဲ့ရပါဘူး။ သူမတို့သည် နောက်ကျသည်ဟု ယူဆသော်လည်း ရံဖန်ရံခါ အပြင်မှာ စကားစမြည်ပြောပြီး ရယ်မောနေသော လူအနည်းငယ်ကို မြင်နိုင်သေးသည်။  သို့သော် ဤအခိုက်အတန့်သည် အလွန် တိတ်ဆိတ်ပြီး အထီးကျန်ဆန်နေပါသည်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now