ထိုလူကိုကြည့်ရသည်မှာအသက်လေးဆယ်ကျော်ငါးဆယ်နားနီးဖြစ်ပုံရပြီးမူရင်းလူကိုလွန်စွာမှမြတ်နိုးသည်။ရုပ်ရှင်ထဲမှသူမှတ်မိသလောက်ကတော့မူရင်းလူကိုကာကွယ်ရင်းကုန်းကုန်းရောအရှင်မင်းကြီးပါအသေဆိုးနှင့်သေခဲ့ရသည်။ထိုလူနှစ်ယောက်ကဘာကြောင့်မူရင်းလူကိုအသည်းအသန်ကာကွယ်ပေးခဲ့ကြပါသလဲ။

အမျိုးသမီးဇာတ်လိုက်သီတာဒေဝီငယ်စဥ်ကအင်အားကြီးသောတိုင်းတစ်ပါးကချစ်ကြည်ရေးအတွက်မင်းသားမင်းသမီးတစ်ယောက်ကိုစေလွှတ်ဖို့ဖိအားပေးခြင်းခံခဲ့ရသည်။အမြှောက်စာဇာတ်ကောင်လေးမူရင်းလူကိုဘုရင်ကြီးကအလွန်အင်မတန်ချစ်မြတ်နိုးလွန်းတာကြောင့်သမီးတော်ကိုသာစေလွှတ်လိုက်သည်။ဒီဖြစ်ကြောင့်ဘုရင်ကြီးအပေါ်ပြည်သူများနှင့်အမတ်များကမကျေမနပ်ဖြစ်လာကြပြီးအမြှောက်စာဇာတ်ကောင်လေးကိုလူတွေကပိုမုန်းတီးလာကြသည်။

အသက်၁၂အရွယ်မှာမင်းသမီးလေးဟာပြည်တော်ပြန်ခွင့်ရခဲ့ပြီးသူမမှာထိုဖြစ်ရပ်အတွက်ခမည်းတော်ကိုရောမောင်တော်ကိုပါအပြစ်မမြင်ခဲ့။သူမကငယ်ရွယ်ပေမယ့်အမြဲတမ်းတက်ကြွပြီးလိမ်မာယဥ်ကျေးသဖြင့်နန်းတော်ထဲတွင်လူချစ်လူခင်အတော်များလှသည်။

သူမဟာယောကျ်ားများနှင့်ရင်ဘောင်တန်းပြီးပညာရပ်များစွာကိုသင်ယူနိုင်သဖြင့်လူငယ်များစွာက,လေးစားကြသည်။ထိုလူငယ်များထဲတွင်အရည်အချင်းရှိသဖြင့်အရှင့်သားနှင့်တန်းတူပညာရပ်များစွာကိုသင်ယူခွင့်ရရှိကြသည့်လူငယ်များမှာအရှေ့အရပ်စစ်သူကြီး၏သား၊အနောက်အရပ်စစ်သူကြီး၏သား၊တောင်အရပ်စစ်သူကြီး၏သားနှင့်မြောက်အရမ်စစ်သူကြီး၏သားတို့ဖြစ်ကြသည်။

အရှင်မင်းကြီးဟာသားတော်ကိုကာကွယ်ချင်သည့်အတွက်ထိုအဖိုးတန်လူငယ်များနှင့်ရင်းနှီးခင်မင်စေရန်တန်းယူပညာသင်ခွင့်ပေးခဲ့ပေမယ့်ဘုရင်ကြီးရဲ့အတွက်အချက်ကလုံးဝမှားယွင်းသွားခဲ့သည်။သွေးအေးပြီးဖြောင့်မတ်တဲ့လူငယ်လေးယောက်ဟာအစကတည်းကမိန်းမဆန်ပြီးကြောက်တတ်လွန်းသည့်အိမ်ရှေ့စံအပေါ်ရွံ့ရှာခဲ့ကြသည်။ဘယ်တုန်းကမှသူငယ်ချင်းလို့သူတို့မမှတ်ယူခဲ့ကြ။အဲ့လို့အိမ်ရှေ့စံမျိုးထက်သီတာဒေဝီမင်းသမီးလိုလူမျိုးကိုသူတို့ပိုနှစ်ချိုက်ကြသည်။

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now