အခန်း(၂)

Start from the beginning
                                    

"အော်သားဗိုက်ဆာနေပြီလား သားအိပ်နေတယ်ထင်လို့လာမနိုးတာ မီးဖိုခန်းမှာဟင်းအုပ်စောင်းနဲ့​ထားတယ် မင်းအမေနဲ့အဘတော့စားပြီးပြီ "

"ဉီးထွန်းမောင်ဒါကခင်ဗျားပြောတဲ့ကျောင်းသွားတက်တယ်ဆိုတဲ့သားလား၄တန်းလောက်ထဲကမြို့မှာကျောင်းသွားတက်တာဆိုတော့အခက်အခဲတော့အတော်ရှိမှာကိုငယ်ငယ်ရွယ်ရွယ်နဲ့တော်တော်သတ္တိရှိတာပဲအဲ့မှာကြဘယ်သူနဲ့နေတာလဲ"

"ဟုတ်တယ် ကျုပ်သားလေဒီနေ့မှပြန်ရောက်တာမြို့မှာကျုပ်သူငယ်ချင်းအိမ်မှာအကူအညီတောင်းရတာပေါ့ဟိုမှာကျောင်းပိတ်တုန်းမို့ခနလာတာသတ္တိရှိတာတော့ကျုပ်နဲ့တူတာပေါ့"

"သားက အချောဘဲ ရွာထဲကအပျိုလေးတွေလက်ကလွှတ်အောင်သာပြေးသားရေ"

သူ့ထက်သာ တစ်ယောက်မိမိအားအမွန်းတင်နေသောကြောင့်ဂုတ်ကိုသာပွတ်နေလိုက်တယ်။

"ကျေးဇူးပါဗျ အဘအမေ ဘယ်သွားတာလဲမတွေ့ဘူး"

"သား အမေကတော့မင်းအမစေ့စပ်ပွဲအတွက်ပြင်ဆင်နေတယ်လေ ဒေါ်တိုးဆီမှာ အကျီင် သွားအပ်နေပါရဲ့"

အမေမရှိဘူးဆိုတော့အမကိုတွေရမှာအခွင့်ကောင်းဘဲလုပ်စရာရှိတာအမြန်လုပ်ရမယ်အချိန်ဖြုန်းနေလို့မဖြစ်ဘူး

"အဘ အမကောထမင်းစားပြီပြီလားသားသွားပေးပေးမယ်လေ"

"ကဲသားမေးခွန်းတွေကလဲများလိုက်တာဒီမှာလူကြီးတွေစကားပြောနေတယ်လေ သွားပို့ချင်လဲပို့ ဒီမှာသော့"

ပုဆိုးဘေးမှာချိတ်ထားသောသော့ကိုပေးလိုက်သည့်နှင့်အလျင်အမြန်ယူအမရှိရာအခန်းဆီသွားကာသော့ဖွင့်လိုက်သည် ။

"မမ..မမထပါဉီး"

အိပ်ပျော်နေသောအမဖြစ်သူကိုအသာလှုပ်နိုးလိုက်သည်နှင့်ကပြာကယာထကသူ့ထက်သာပါးကခပ်ဖွဖွကိုင်ကာနူးနူးညံ့ညံ့ကြည့်သည်။

"မောင်လေး..မမကလွမ်းနေတာ
ငါ့မောင်လေးကချောလာလိုက်တာ"

မမ၏အသံများကအားမရှိကာ စကားတစ်ခွန်းပြောဖို့တောင်အားယူနေသယောင်တော်တော်လေးပိန်သွားသည်ကြောင့်
သူ့ထက်သာစိတ်မကောင်းလှ

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now