အပိုင်း(၄၈)

Start from the beginning
                                    

ခဏကြာတဲ့ပြီးနောက်တွင် တုဟောင်က တော်ဝင်သမားတော်ကိုပြောလိုက်ခဲ့သည်. – " ဒီနေရာမှာ မင်းရှိနေဖို့ မလိုအပ်တော့ဘူး၊ ထွက်သွားတော့"

"ဒီအစေခံက အရှင့်သားအမိန့်တော်အတိုင်းလိုက်နာပါ့မယ်!" တော်ဝင်သမားတော်က သက်သာရာရစွာကြည့်လိုက်ခဲ့ပြီးတော့ လျင်မြန်စွာဖြင့်ပင် သူ့ဆေးသေတ္တာကို ကောက်ယူလိုက်သည်. သူ့ကိုကြည့်ရတာက အရေးအခင်းတစ်ခုကနေပြီး လွတ်မြောက်သွားသလိုပင်. တော်ဝင်သမားတော်က ထွက်မသွားခင်​လေးတွင် သူက လင်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီးတော့ "မင်းအတွက် ကံကောင်းပါစေ"လို့ ဆုတောင်းပေးခဲ့ဖို့လည်း မမေ့လျော့ခဲ့ပါဘူး.။

အခုတော့ ထိုတော်ဝင်သမားတော်လည်း ပြန်သွားရှာပါပြီ. တုဟောင်နှင့် အိပ်ချင်ယောင်ဆောင်နေသော လင်ရှန်းသာလျင် ကျန်ရှိတော့သည်။

ဒါ အိပ်မက်လေး တစ်ခုပါပဲ၊ ငါ နိုး လိုက်တာနဲ့ အရာအားလုံး အဆင်ပြေသွားမှာပါ.....လင်ရှန်းက သူမရင်ထဲတွင် သူမကိုယ်သူမ စိတ်သက်ရာရစေဖို့ ကြိုးပမ်း​နေလိုက်သည်. သို့သော်လည်း သူမစိတ်တွေ အလွန်မင်းပူထူလာခဲ့ကတည်းက သူမလက်နှစ်ဖက်လုံးက မသိစိတ်၏လှုံဆော်မှုအရပင် အလိုလိုတုန်ရင်လာပြီးတော့ ခြုံစောင်ထည်ကိုဘဲ အလွန်တင်းကျပ်စွာဘဲ ဆုပ်ကိုင်ထားလိုက်တော့သည်။

အချိန်ကတစ်ဖြည့်ဖြည်းဖြင့် ကုန်လွန်သွားတော့သည်. လင်ရှန်းလက်ဖဝါးတွေက လည်း ချွေးစီးတွေ စတင်ပြီးထွက်ရှိလာတော့သည်. သူမကိုယ်သူမ ယုန်ငယ်လေးတစ်ကောင်လိုမျိုး ကြောက်စိတ်ကြောင့် မျက်လုံးလေးတွေမှေးစင်းပြီးတော့ သေဖို့စောင့်နေရတော့သလို ခံစားနေရသည်။

သူမဘေးနားမှာက ခုန်အုပ်ဖို့အတွက်စောင့်ဆိုင်းနေတဲ့ ကျားတစ်ကောင်ရှိတယ်ဆိုတာ သူမကျိန်းသေသိနေသည်. သူ့ရှေ့တွင် မည်သည့်လှုပ်ရှားမှုမျှ ဖော်ပြလို့လည်းမရချေ. သူမမှာ နောက်ဆုံးထွက်သက်ကိုသာ စောင့်မျှော်နေရသည်. ဟုတ်ပါတယ်. စောင့်နေရတာကြာတော့ ကွေးချင်ဆန့်ချင်လို့နေပါပြီ။

'ရှင် ကျွန်မနားကနေ မြန်မြန်လေး မထွက်သေးဘူးလား။ လင်ရှန်းက အသံတစ်ချက်ကြားလိုက်ရုံဖြင့် တုဟောင်က သူမဘေးနားတွင်လာထိုင်လိုက်သည်ကို သိလိုက်သည်. ပြီးနောက် လက်ချောင်းတစ်ခုကလည်း သူမမျက်နှာကို လာရောက် ပွတ်သတ်နေတာကိုလည်း သူမသိလိုက်ခဲ့သည်။

အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ[Zawgyi Version]Where stories live. Discover now