အပိုင်း {၃၃} (UNICODE)

Start from the beginning
                                    

မဖြစ်တော့ဘူး ... မာန် အခန်းထဲ ဆက်ထိုင်ပြီး အတွေးနယ်ချဲ့နေရန် မသင့်တော့။ ထို့ကြောင့် အခန်းတံခါးကို ဖွင့်ကာ အောက်ထပ်သို့ ခြေသုတ်တင် ပြေးဆင်းလာလိုက်သည်။ အောက်ထပ် ရောက်သောအခါ ဒေါ်သီတာတို့ အခန်းထဲ၌ လှိုင်းမရှိ။ မီးဖိုထဲ သွားကြည့်ပြန်တော့လည်း မတွေ့။ ဧည့်ခန်းနှင့် ထမင်းစားခန်းထဲ၌လည်း လူသူကင်းမဲ့နေလေရာ မာန်သည် ခြံထဲသို့ ထွက်လာလိုက်သည်။ ခြံထဲ၌ ခြေချသည်နှင့် အိမ်အဝင်အဝနား နေရာချထားသည့် ဒန်း၌ ထိုင်ကာ ခေါင်းကို ငုံ့ငိုက်ထားလျက် အတွေးပွါးနေဟန် ရှိသည့် လှိုင်းသံစဉ်။ လှိုင်းကို တွေ့သည်နှင့် မာန် အနားလျှောက်သွားမည်အပြု မြင်ကွင်းထဲ တိုးဝင်ရောက်လာသည့် တစ်စုံတစ်ဦး၏ သဘောမတွေ့ချင်စရာ အပြုအမူ ... ခေါင်းငုံ့ထားကာ ခြေထောက်ကို ထောက်လျက် ဒန်းကို ရှေ့နောက် အသာ လွှဲနေသည့် လှိုင်းအား မနီးမဝေးတစ်နေရာမှ ဓာတ်ပုံရိုက်ယူနေသည့် ဇွဲမာန်ဟိန်း။

မာန် အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်မိကာ လှိုင်း၏ အနား ခပ်သွက်သွက် လျှောက်သွားပြီး ဒန်း၌ ထောက်ထားသည့် လက်ကို ဆတ်ခနဲ ဆွဲကာ အိမ်ထဲ ပြန်ခေါ်လာရသည်။ ထိုအခါ လှိုင်းသံစဉ်သည် ယက်ကန် ယက်ကန်ဖြင့် မာန် ခေါ်ဆောင်ရာနောက်သို့ လိုက်ပါလာသည်။ သည်တစ်ကြိမ်၌လည်း လှိုင်းသည် မာန့်နောက်သို့ အထွန့်တက်ခြင်း မရှိ ၊ ရုန်းကန်ခြင်း မပြုဘဲ ရှေးယခင်ကအတိုင်း အသာတကြည် လိုက်ပါလာသည်။ အိမ်ပေါ်ထပ်ရှိ မာန်တို့ အခန်းထဲ ရောက်သောအခါမှ မာန်သည် လှိုင်း၏ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ရာ ဒေါသကြောင့် တင်းတင်းဆုပ်ကိုင်ထားမိသဖြင့် ရဲနေသည့် လက်ကောက်ဝတ်ငယ်ကြောင့် စိတ်ထဲ မကောင်းဖြစ်သွားရသော်လည်း မာန့်အကျင့်အတိုင်း တောင်းပန်စရာတော့ မဆိုဖြစ်ပါ။ မာန့်ဘက်က အမှားလုပ်ထားပြီး မတောင်းပန်လျှင်တောင် လှိုင်းသံစဉ်က စိတ်ဆိုးမည့် လူမျိုး မဟုတ်မှန်း မာန် ကောင်းကောင်း သိသည်လေ။

"မင်းက အဲ့မှာ ဘာထိုင်လုပ်နေတာလဲ။ ပိုင်မြတ်ဘုန်းသွင်ရော။"

"ဘုန်းသွင်က သင်တန်းရှိသေးလို့ ပြန်သွားတယ် ကိုရိပ်။ ကျွန်တော်က ... ဒီတိုင်း ထိုင်နေတာ။"

လမင်းခြေသံ { Completed }Where stories live. Discover now