ပိုင်ကျားရှီသည်လည်း ရှားရှားပါးပါးမလွယ်ကူသည့် အမူအယာမျိုးပြသလာခဲ့သည်။

" ယွမ်ရှင်းကျဲ အရင်တစ်ခေါက်ငါ့ကိုစိန်ခေါ်သွားတာ မင်းပဲ..ညစ်တီးညစ်ပတ်နည်းလမ်းတွေသုံးပြီး ငါ့ကိုအနိုင်ယူသွားတာ…"

" တိုက်ပြီးတာနဲ့ ငါ့ကိုဘလော့ပြေးသွားတယ်…မင်းမှာ လေးစားမှုဆိုတာကော ပြောရဲသေးလို့လား…"

ချန်ကျွင်းသည်လည်း ကျယ်လောင်စွာ အော်ဟစ်နေခဲ့သည်။

စင်အောက်တွင် " ငါကအရမ်းအားနည်းတယ် " ထံမှ အနိုင်ကျင့်ခံခဲ့ရသော အဓိကစစ်တက္ကသိုလ်အားလုံးမှာ ယွမ်ရှင်းကျဲအား အပြင်းအထန်တိုင်ကြားနေကြသည်။

သူတို့အမှန်တကယ်ဒေါသထွက်နေခြင်းမျိုးမဟုတ်ချေ။ ထို့အတူ သူတို့၏စိတ်ထဲမှ " ငါMVP ချန်ပီယံဆုမရခဲ့ဘူး " ဟူသော ဂုဏ်ယူ‌နေသည့် အတွေးများပင် ရှိနေခဲ့ကာ သူတို့၏စိတ်ထဲမှ အရှက်ရမှုများသည်လည်း ထိုမျှ မပြင်းထန်ခဲ့ကြပေ။

မည်သို့ပင်ဖြစ်စေ အနိုင်လိုသည့် စိတ်ဆန္ဒမှာတော့ အမှန်ပင်ဖြစ်၏။

သူတို့အားလုံး ထို " ငါကအရမ်းအားနည်းတယ် " ကိုနောက်ထပ်တစ်ကြိမ်ထပ်မံတိုက်ခိုက်ချင်ကြသည်။

" အိုကေ အိုကေ…"

ယွမ်ရှင်းကျဲ ချွေးများသုတ်လိုက်ပြီး အရှက်ရမှုကြောင့် သူတွင်းတစ်တွင်းပင် တူးကာ ဝင်ပုန်းနေချင်မိလေသည်။ အဆုံး၌ သူထိုအဖြစ်အတွက် ကြိုတင်မပြင်ဆင်ထားမိသောကြောင့် " ငါအားတဲ့အချိန်ကျ မင်းတို့နဲ့PKပေးပါ့မယ် " ဟုသာ ပြောလိုက်နိုင်သည်။

" မရဘူး ဒီနေ့ညပဲဖြစ်ရမယ်…"

" ငါထပ်မစောင့်နိုင်တော့ဘူး…"

" ငါအဆင်သင့်ဖြစ်နေပြီ…"

မက်ခါကြယ်ပွင့်မှသူဌေးသည်ပင် ထွက်လာ၍ လူအုပ်ကြီးကိုချော့မော့လိုက်ရလေသည်။

" မစိုးရိမ်ကြပါနဲ့ ဒီနေ့ရဲ့အဓိကရည်ရွယ်ချက်က လူတိုင်းကို ကျွန်တော်တို့မက်ခါအသစ်ကို သရုပ်ပြပေးဖို့ပါပဲ..လူတိုင်းမက်ခါကြယ်ပွင့်ကို ဆက်လက်အားပေးကြမယ်လို့ ကျွန်တော်မျှော်လင့်မိပါတယ်…"

အိုမီဂါအဖြစ် ကူးပြောင်းပြီးနောက် ပွဲဆူသွားရပြီ ( BL ) (Completed)Where stories live. Discover now