Part ( 6 )

118 4 0
                                    


Unicode

မိုးမြင့်ထက်ပန်း( ချစ်ရပါသောကိုကို )

အပိုင်း....( 6 )

'' ညနေစာ ချက်မထားနဲ့ကလေးလေး
ကိုယ် အပြင်ကဝယ်ခဲ့မယ်..
ညနေအေးအေးဆေးဆေးလတီဗီကြည့်ပြီး
နားနားနေနေ..နေလိုက်..ဟိုဟာလုပ်
ဒီဟာလုပ်တွေလည်း လျှောက်လုပ်မနေနဲ့အုန်း
ကိုယ့်အိမ်မှာ ကင်မရာတွေ အများကြီးရှိတယ်
အကုန်ပြန်မြက်နေရတယ်''

'' ကင်မရာ.. ကိုကိုဘာလို့
ကျန့်ကိုအစောကြီးမပြောတာလည်း
သွားပါပြီ..ကျန့်အင်္ကျီမပါဘဲများ
အိမ်ထဲသွားမိသေးလားမသိဘူး
အီး..ရှက်လိုက်တာ''

လက်သေးသေးနု့နု့လေးတွေဖြင့်
ရဲတက်စပြု့လာတဲ့သူလေးမျက်နှာကို
ကာ ကာရှက်နေသူလေး။

ရိပေါ် ပြုံးလိုက်၍ ရှက်နေသူကောင်ပေါက်လေး
၏ပါးပြင်လေးကိုအနမ်းတစ်ချက်
ခြွေလိုက်၏။

လက်ချောင်းများကြားကချောင်းကြည့်
လာတဲ့ကောင်လေးမျက်လုံးများက
အံ့သြသွားလို့ထင်သည်။
ဝိုင်းစက်နေ၏။

'' ကို..ကိုကို..ဘာလို့.  ကျန့်ကို
နမ်းတာလည်း''

'' အသည်းယားလို့...ကဲ
ကိုယ်အလုပ်သွားတော့မယ်..ကိုယ်
မှာထားဒါမမေ့နဲ့နော်..
ကိုယ့်စကားနားမထောင်ရင်..
ကိုယ်ကအပြစ်ပေးမှာ''

'' အာ..''

အခု့လည်း..အသားယူပြီးနေပြီကို။

ကျန့်..ကိုကိုမကြားအောင်စူပုတ်၍
တိုးတိုးလေးရေရွတ်မိသည်။
သို့သော်ကြားဖြစ်အောင်ကြား
သွားသည့်ကိုကိုကအပြင်ထွက်နေရာက
ကျန့်ဘက်ပြန်လှည့်လာပြီး
ပါးနှစ်ဖက်ကိုသူ့ဖဝါးအာက်
ညှပ်ထည့်၍..စူထွက်လာတဲ့
နှုတ်ခမ်းတွေကို..ပြွတ် ကနဲ့မြည်သည်အထိ
စုတ်ယူလိုက်လေသည်။

ကိုကိုအပြု့အမူကြောင့်
ကျန့်လန့်လည်းလန့်သည်။အံ့လည်း
အံငြမဆုံးဖြစ်နေမိသည့်အပြင်
ရင်ဘတ်ထဲကအကောင်ငယ်လေးသည်လည်း
အပြင်သို့ပေါက်ထွက်မတတ်
ခုန်ပေါက်နေလေ၏။

'' အသားယူတယ်ဆိုတာ ဒါမျိုးကိုမှ
ခေါ်တာ..ကောင်လေးရ''

'' .........''

🍎မိုးမြင့်ထက်ကပန်း🍎 ( ချစ်ရပါသောကိုကို)Where stories live. Discover now