part ( 9)

245 12 3
                                    

မမုးမြင့်ထက်ကပန်း ( ချစ်ရပါသောကိုကို)

အပိုင်း.. 9

လူတွေပိတ်ပြည့်နေတဲ့စားသောက်ဆိုင်
တစ်ဆိုင်။

ရိပေါ် လူများနေတဲ့ ကဖေး ဆိုင်တစ်ဆိုင်ကို
အပေါ် ထပ်ကနေ ကော်ဖီ တစ်ခွက်သောက်
ရင်း ကြည့်နေသည်။

လက်ကနာရီကို တစ်ချက်ငုံ့ကြည့်ပြီး
စုတ်..တစ်ချက် သတ်မိလိုက်သည်။

ခွေးတွေက အချိန်ကို မလေးစားဘူးဘဲ။

ရိပေါ် သူချိန်ထားသည့် အချိန်ကို
အလေးမထားဒါလောက်မုန်းသည်မရှိ။

သူ့နံဘေးရပ်နေတဲ့စွန့်သည်လည်း
နာရီတစ်ငုံ့ကြည့်ကြည့်။

'' စွန့်...''!!

စွန့် ကြိုတွေးထာပြီးသား ။
မကြာခင် သူဌေးဆီက အော်ငေါက်သံ
ကြားရတော့မယ်ဆိုတာ။

'' အဲ့ကောင်တွေ မလာသေးဘူးလား.!
စိတ်ရှည်တဲ့အထဲမှာ ငါ မပါဒါ
မင်းအသိဆုံး''!

'' ဟို.. ကျွန်တော်..9 နာရီချိန်ခဲ့တာပါ
သူဌေး... သူတို့ဘာလို့နောက်ကျနေလည်း
ကျွန်တော်မသိဘူး..ဖုန်းဆက်ပေမဲ့
မကိုင်ကြဘူး''

'' တောက်...!! မင့်မျက်နှာကြောင့်
သည့်ခံနေတာကို..ခွေးတွေက
ရောင့်တတ်နေကြတယ်...
ဆက်မစောင့်ဘူး..ပြန်မယ်...
အခွင့်ရေးပေးတာကိုမလို
ခြင်တဲ့ကောင်တွေအတွက်
သူတို့ရွှေးချယ်မူ့နဲ့သူတို့ဘဲ..''

'' သူဌေး...''

'' မင်းက..ငါ့လူယုံလို့ ငါပြောခဲ့တာကို
မမေ့ပါနဲ့...စွန့်..''

ရိပေါ် ဒေါသကြီးစွာ ထရပ်၍
ပြန်ဖို့အလှည့် သူတို့ရှိရာ
လျှောက်လာတဲ့လူနှစ်ယောက်ကြောင့်
ရိပေါ် မျက်မှောင်တွေ ကျုံ့သွားသည်။

စွန့်ကတော့ အဲ့နှစ်ကောင်ကို
မြင်တော့ပြုံးသည်။

ရိပေါ် တည်ငြိမ်စွာနဲ့သာ
ထိုင်ခုံပေါ် ခြေကလိမ်ချိတ်
ထိုင်၍။

'' ရောက်လာကြပြီလား..ထိုင်ပါအုန်း''

အေးဆေးသည်။တည်ငြိမ်သည်။
အနည်းငယ်လန့်စရာကောင်းပေမဲ့
ထန်း ညီအကို နှစ်ယောက်ကတော့
အေးဆေးစွာ။

🎉 You've finished reading 🍎မိုးမြင့်ထက်ကပန်း🍎 ( ချစ်ရပါသောကိုကို) 🎉
🍎မိုးမြင့်ထက်ကပန်း🍎 ( ချစ်ရပါသောကိုကို)Where stories live. Discover now