Part ( 3)

148 8 0
                                    

မိုးမြင့်ထက်ကပန်း( ချစ်ရပါသော ကိုကို )

အပိုင်း... ( 3 )

ပတ်ဝန်းကျင်သည် လိုသည်ထက် တိတ်ဆိတ်နေ၏။

ဖိုင်တွဲတွေကိုကြည့်ပြီး
တည်ငြိမ်နေတဲ့သူဌေးက မကြာခင်
ပေါက်ကွဲဖို့အချိန်ယူနေသလို။

အလုပ်သမားအားလုံး အစည်းဝေးခန်းထဲ
ရောက်နေကြပြီး..ဘယ်သူမှ လှုပ်လှုပ်မျှမလုပ်ရဲ။
လုပ်ပါက သူဌေးက..ဒေါသမိုးကြိုးပစ်ချခြင်းကို
ခံရပေလိမ့်မည်။

'' ဒီပိုင်းကို ဘယ်သူ တာဝန်ယူတာလည်း''?

အရှေ့ရောက်လာတဲ့ ဖိုင်တွဲကို
စွန့် ကြည့်ပြီး..အရောင်းပိုင်းတာဝန်ယူသူ
မအံ့ အား ကြည့်လိုက်၏။

မအံ့သည်..လက်နှစ်ချောင်းကို မီးပွင့်မတတ်
ပွတ်တိုက်နေပြီး..မျက်နှာတစ်ခု့လုံးနီရဲနေ၏။

ငိုတော့မည့်အခြေအနေရောက်နေတဲ့
မအံ့ကို သူဌေးပေးမဲ့အပြစ်ခံယူဖို့
အရှေ့ထွက်ရန်အချက်ပြလိုက်သည်။

'' ကျ .. ကျွန်မ ပါ သူဌေး''

'' မအံ့ ''!

သူဌေးအသံက လိုသည်ထက် ပိုကျယ်လာသည်။

မျက်နှာတစ်ခု့လုံးက ခက်ထန်သည်ထက်ပိုခက်ထန်လို့။

'' ဒီ ကုမ္ပဏီမှာ ခင်များ..အလုပ်လုပ်တာ
ဘယ်နနှစ်ရှိပြီလည်း. ဒီတာဝန်လေး
တစ်ခု့ကိုတောင် ကျေပွန်အောင်မလုပ်နိုင်တာ
ခင်များကိုခင်များအရောင်းပိုင်းတာဝန်မူးအဖြစ်
ခံယူထားနိုင်သေးတယ်.. ဒီလို တာဝန်မကျေပွန်
ဘဲဘယ်လိုကျန်တဲ့အလုပ်သမားတွေကို
အုပ်ချုပ်မလဲ''

'' ဟင့်.. ကျွန်မ. ကျွန်မ..တောင်းပန်ပါတယ်
ကျွန်မသေခြာမစစ်မိဘဲ အလျှင်လိုသွားလို့ပါ''

'' မလိုချင်ဘူး..!! တစ်ပတ်အတွင်း
တစ်ဖက်ကုမ္ပဏီကို တောင်းပန်စာပို့ပါ.
တစ်ပတ်ပြည့်တာနဲ့ အားလုံးအရင်လို
အဆင်ပြေတာဘဲလိုချင်တယ်..မဟုတ်ရင်
ဆုံးရှုံးသွားတဲ့ငွေထက် နှစ်ဆပြန်လျော်
ဖို့ပြင်ထား''?

'' ရှင်... သူဌေး. ''

'' ထွက်သွား... အကုန်လုံး..ထွက်သွားကြ''!!

🍎မိုးမြင့်ထက်ကပန်း🍎 ( ချစ်ရပါသောကိုကို)Where stories live. Discover now