သူပြောတဲ့လုပ်စရာကို တကယ်မသိဘူးထင်တယ်

...........................

ညနေ 4 နာရီလောက်ကြီး ပြန်လာတာကြောင့်
သူ့ခင်မျာ ပါးစပ်လေးအဟောင်းသား

'ယင်ကောင်လဲဝင်ဥ ပြီး ယင်ကောင်သမီးလေးထွက်လာအုံးမယ်'

'ဟမ်.....မောင်ကလဲ'

'မောင်ကမလဲဘူး မင်းလဲမှာ'

'ဟင်'

'ငတုံးလေး'

'ပြောပြန်ပြီသူများကို'

'ကဲကဲ လာ လုပ်စရာကရှိသေးတယ်'

'ဘာလုပ်စရာလဲဟင်'

'လိုက်ခဲ့ ပြီးရင်သိမှာ'

'ဟင် ဟုတ်'

ဂျောင်ကုကအပေါ်တက်သွားတော့ သူမလဲ လိုက်တက်လိုက်သည်
အခန်းထဲရောက်တော့ မဝင်သေးပဲ တံခါးဖွင့်ကာ ဘေးတွင်ရပ်နေပြီး ဝင်လေဆိုတဲ့ပုံနဲ့ မျက်စပစ်ပြသည်

သူမအခန်းထဲကိုဝင်လိုက်တော့ ဂျလောက်.....ဟူသောအသံကြောင့် လှည့်ကြည့်လိုက်တော့

မောင်ကတံခါးလော့ခ်ချလိုက်ခြင်းဖြစ်သည်
သူမက နားမလည်ဟန်ဖြင့် စိုက်ကြည့်တော့ ဘာလဲဆိုတဲ့ပုံနှင့်မျက်ခုံးတစ်ဖက်ပင့်ပြပြန်သည်

AN- ပြောပြမယ် ဂျွန်ဂျောင်ဂု မျက်ခုံးတစ်ဖက်ပင့်ပြီး flirt ရင်ဘယ်လောက်တောင်မိုက်လိုက်လဲ မင်းတို့အသိဆုံးမလား အဲ့တာလေးမြင်ယောင်ကြည့်

'မောင် ရေချိုးမလို့လား'

'အင်း ချိုးမလို့ bby က ကူချိုးပေးမလား'

'ဟင် မောင့်ဟာမောင်ချိုးပါ'

'ဟင်း.....အသစ်အဆန်းလေးလုပ်ချင်တာရယ်......'

'ဟမ် ဘာကြီး'

'မဟုတ်ဘူး သွားချိုးပြီ ခနစောင့်'

ပြောပြီးရေချိုးခန်းထဲဝင်သွားတာကြောင့်သူမလဲ မောင့်အတွက် အင်္ကျီထုတ်ပေးထားလိုက်သည်

အချိန်အတော်ကြာတော့ ရေချိုးခန်းကနေ မောင်ကသူ့ကိုလှမ်းခေါ်သည်

'Bby.....'

'ဟင်'

'မောင် သဘက်ကျန်ခဲ့လို့ ယူပြီးလှမ်းပေးပါလား'

A Heart's EnchantmentNơi câu chuyện tồn tại. Hãy khám phá bây giờ