"အရိုက်ခံရသင့်တယ်"

ယွီရှန်းက ဝှီးချဲမှာ ချိတ်ဆွဲထားသည့် ကြာပွတ်အသေးလေးကို ယူထုတ်ကာ ညှင်သာစွာ ရိုက်ခဲ့လေသည်။

"ဒီကလေးမလေးက ပိုပိုပြီး ကြမ်းတမ်းလာတာပဲ အစ်ကိုကြီးရဲ့ ညီမလေး ဖြစ်ထိုက်ပါတယ်"

ယွီဖင်ယန်က ရွှင်ပျစွာ ရယ်နေခဲ့သည်။ လှပပြီး ချစ်ဖို့ကောင်းသည့် ညီမလေးကို ကြည့်လေလေ ယွီဖင်ယန်က ပိုသဘောကျလာခဲ့သည်။ ထို့နောက် သူ့ဖက်ရောက်အောင် ဆွဲပွေ့ခေါ်ပြီး နှာခေါင်းလေးကို တို့ထိလိုက်သည်။

ယွီရှန်းက ပုဇွန်ကို တိတ်တိတ်လေးယူကာ ယွီဖင်ယန်ရဲ့ ပါးစပ်ထဲ ထည့်ပေးခဲ့ပြီး မောင်နှမ ၂ယောက်လုံး ဆူညံနေခဲ့သည်။

"ထိုင်ပြီး စားကြပါတော့၊ စားပြီမှပဲ နင်တို့တွေ ကြိုက်သလောက် အလွမ်းသယ်ကြပါ၊ ၂ယောက်လုံး ကလေးတွေ ကျနေတာပဲ"

မဒမ်အိုကြီးက ဆူလိုက်ပေမယ့် မျက်နှာက ပြုံးရွှင်နေသည်။

ယွီဖင်ယန်က ပုဇွန်ဖက်ထုပ်ကို မြိုချပြီးနောက် ယွီရှန်းရဲ့ နဖူးကိုထိကာ

"ဒီကဒဏ်ရာက ဘာဖြစ်တာလဲ"

မဒမ်အိုကြီးက ပြောတော့မည့်အချိန်မှာပဲ ယွီရှန်းက ဖြတ်ပြောလေသည်

"အစ်ကိုကြီး ပြန်လာမယ်ကြားတော့ အရမ်းပျော်သွားပြီး တံခါးဘောင်ကို တိုက်မိခဲ့တာလေ၊ အဲဒါတွေက အစ်ကိုကြီးရဲ့ အမှားတွေပဲ"

အခုမြေးလေးပြန်လာပြီဆိုတော့ အပြင်းအထန် ရှိခိုးပူဇော်ခဲ့တာကို သူ့ကိုပြောပြစရာ မလိုတော့ဘူး။ မဒမ်အိုကြီးက တိတ်တဆိတ် တွေးလိုက်လေသည်။ ယွီဖင်ယန်ကလည်း ယုံသွားခဲ့သည်။ ယွီဖင်ယန်က ရယ်ကာ ပြောလေသည်

"ဟုတ်ပါပြီ အစ်ကိုကြီးရဲ့အမှားပါ၊ အနာဂတ်မှာ ရှန်းအာလေး အမှားလုပ်မိရင်လည်း အဲဒါလည်း အစ်ကိုကြီးရဲ့အမှားပဲ အပြစ်တွေအကုန်လုံးကို အစ်ကိုကြီးပဲ ခံယူမယ်"

လေထုက အလွန်မွှေးပျံ့နေတုန်း မာမောမောက တုန်လှုပ်သည့်အသွင်ဖြင့် ဝင်လာခဲ့သည်။ ထို့နောက် နူးညံ့သည့်အသံဖြင့် ပြောလေသည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now