ထို့နောက် ဘုရင်က ကွမ်ကျီ့ဘုန်းကြီးကျောင်းကို ကျန့်ကော် ဘုန်းကြီးကျောင်းအဖြစ် အမည်ပြောင်းခဲ့သည်။ ဘုန်းတော်ကြီး ခူဟိုင်က ဟန်မင်းဆက်ရဲ့ အကိုးကွယ်ခံ ပုဂ္ဂိုလ်ထူး ဖြစ်ခဲ့သည်။ ထို့နောက် နှစ်ပေါင်း၇၀ကြာပြီးတာတောင် ဘုန်းတော်ကြီး ခူဟိုင်ရဲ့ ရုပ်ရည်က အရင်အတိုင်းပဲရှိနေကာ အသက်မကြီးသွားတာနှင့် တူနေသည်။

ဒါတွေကြောင့်ပဲ သူက ပိုပြီး ချည်းကပ်ရခက်လာခဲ့သည်။

ထိုသတင်းကိုကြားတော့ မဒမ်အိုကြီးက ချက်ချင်း ရထားလုံးစီစဥ်ခိုင်းကာ ကျန့်ကော်ဘုရားကျောင်းကို သွားဖို့ပြင်ဆင်ခဲ့သည်။

"အစေခံတွေကို ရှန်းအာအတွက် အဝတ်တွေ များများဝတ်ပေးခိုင်းလိုက်၊ လမ်းမှာ အအေးမမိစေနဲ့"

သူ(မ)က စိုးရိမ်ပူပန်နေခဲ့သည်။

မာမောမောက ဆင်ဝင်ပေါက်မှာ ရပ်ကာ ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ ထို့နောက် တုံ့ဆိုင်းစွာ ပြောလေသည်။

"မဒမ်ကြီး အပြင်မှာ မိုးကျနေပါတယ်၊ ရွှံ့တွေနဲ့ဆိုတော့ သွားရအဆင်မပြေဖြစ်လိမ့်မယ် နောက်နေ့မှသွားပါလား"

"အမြန်သွားပြီး ပူဇော်ပွဲဖွင့်ပွဲအမှီ သွားရမှာ၊ မဟုတ်ရင် နောက်ရက်အနည်းငယ်ကြာရင် လူတွေများလာပြီး တိုးမပေါက်ဘဲနေတော့မှာ၊ ဒီနေ့ အဲကို အိမ်ရှေ့စံမင်းသမီးလည်း သွားမှာ အဲဒါကို အခွင့်ကောင်းယူရမှာ"

မဒမ်အိုကြီးက အချက်ပြလိုက်သည်။

မာမောမောလည်း ရွေးစရာမရှိဘဲ မိုးရွာကြီးထဲ အနောက်ဘက်အဆောင်ကိုပြေးကာ ယွီရှန်းကို အမြန်ပြင်ဆင်ထားဖို့ သွားပြောခဲ့သည်။ သည်းထန်စွာရွာသွန်းနေသည့်မိုးက ယွီရှန်းတံခါးကထွက်လာသည်နှင့် တိတ်သွားတာလည်း ထူးဆန်းလှသည်။ တိမ်ထဲကနေ နေရောင်ထိုးထွက်လာခဲ့ပြီး မူလက သူ့ရဲ့ဖြူဖွေးနေသည့် မျက်နှာက သန့်စင်ကာ မြင့်မြတ်နေပြီး သူ(မ)ဘေးမှာ ပျံဝဲနေသည့် ဖုန်တွေကလည်း သူ့ကိုပိုပြီး သက်ဝင်လှုပ်ရှားစေခဲ့သည်။

မာမောမောက သူ(မ)ကို ရပ်ကြည့်နေခဲ့ပြီး ယွီရှန်း မျက်ခုံးပင့်ပြမှ အသိပြန်ကပ်သွားခဲ့သည်။ ထို့နောက် အမြန်လေး တွန်းထုတ်ကာ ခေါ်ခဲ့သည်။

ညအချိန်မှာ နတ်ဆိုးက ရောက်လာတယ်။Where stories live. Discover now